ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား နယ်ဘက်တရားရုံးများမှ ပြစ်ဒဏ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား နယ်ဘက်တရားရုံးများမှ ပြစ်ဒဏ်ချမှတ်



နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ 

စစ်ကိုင်းမြို့နယ်သီးသန့်တရားရုံးက ၁၈-၂-၂၀၂၅ ရက်တွင် တရားခံ (၂) ဦးအား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ ရေးခါးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားနှင့် ပတ်သက်ခြင်း၊ အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှုများအား သိလျက်နှင့် လုံခြုံရေးအဖွဲ့ထံ သတင်းပေးရန် ပျက်ကွက်ခြင်းများ ကျူးလွန်ခဲ့သည့် တရားခံ နွေးနွေးအောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ရေးခါးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားနှင့် ပတ်သက်ခြင်း၊ အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှုများအား သိလျက်နှင့် လုံခြုံရေးအဖွဲထံ သတင်းပေးရန် ပျက်ကွက်ခြင်းများ ကျူးလွန်ခဲ့သည့် တရားခံ ထက်ထက်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အား ကျူးလွန်သဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မ ၈၉(င)အရ အသက်(၂၀)ပြည့်သည်အထိ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းသို့ ပိုအပ်စေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ၁၈-၂-၂၀၂၅ ရက်တွင် မုံရွာအကျဉ်းထောင် သီးသန့်တရားရုံးက မုံရွာမြို့နယ်၊ ထနောင်းဝန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများနှင့် ပတ်သက်ခြင်း၊ အကြမ်းဖက်အဖွဲ့အတွက် ငွေကြေးနှင့် ရိက္ခာများ ထောက်ပံ့ခြင်း၊ အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှုများအား သိလျက်နှင့် လုံခြုံရေးအဖွဲ့ထံ သတင်းပေးရန် ပျက်ကွက်ခြင်း  ကျူးလွန်ခဲ့သည့် တရားခံ သန်းပြည့်စုံနှင့် ဇူလိုင်ဝင်းတို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်စီ (တပေါင်းတည်း)  ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ၁၈-၂-၂၀၂၅ ရက်တွင် ကန့်ဘလူမြိုနယ်တရားရုံးက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ စိန်ခြယ်ရပ်ကွက်တွင်  နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားနှင့် ပတ်သက်ခြင်း၊ အကြမ်းဖက်သမားမှန်း သိလျက်နှင့် လုံခြုံရေးအဖွဲ့ထံ သတင်းပေးရန် ပျက်ကွက်ခြင်း ကျူးလွန်ခဲ့သည့် တရားခံ အိအိဇော်အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် နန်းဦးမြို့သစ်ရပ်ကွက်တွင်  နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားနှင့် ပတ်သက်ခြင်း၊ အကြမ်းဖက်သမားမှန်း သိလျက်နှင့် လုံခြုံရေးအဖွဲ့ထံ သတင်းပေးရန် ပျက်ကွက်ခြင်း  ကျူးလွန်ခဲ့သည့် တရားခံ နှင်းသီတာလွင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အား ကျူးလွန်သဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မ ၈၉(င)အရ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင် အမိန့်ချသည့် ရက်မှစ၍ (၂)နှစ် ထိန်းသိမ်းစေရန်  အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)