အီလွန်မက်စ်ရဲ့ ၁၃ ယောက်မြောက် ကလေးရဲ့အမေပါလို့ အက်ရှ်လေ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီလွန်မက်စ်ရဲ့ ၁၃ ယောက်မြောက် ကလေးရဲ့အမေပါလို့ အက်ရှ်လေ ဆို


ဖေဖော်ဝါရီ - ၁၇ ( တနင်္လာနေ့ ) 

အွန်လိုင်းပေါ်က သရော်စာ ရေးတဲ့နေရာမှာ နာမည်ကြီး စာရေးဆရာမ အက်ရှ်လေ စိန့် ကလဲယားက သူမမှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ်နဲ့ ရထားတဲ့ ကလေးရနေပြီ လို့ ထုတ်ဖော်ပြောကြားလာပါတယ်။ သူမက ရဲ့ ကလေးက အီလွန်မက်စ်ရဲ့ ၁၃ ယောက်မြောက်ရင်သွေး ဖြစ်ပါတယ်။ 

ကန်ဒေါ်လာ ၃၄၉ ဘီလီယံ ပိုင်ဆိုင်ထားတဲ့ သူဌေးကြီး အီလွန်မက်စ်မှာ တရားဝင်ဇနီး ၃ ယောက်ရှိပြီး ပထမဇနီးဂျက်စတင်းဝီလီဆင် နဲ့ ကလေး ၅ ယောက်ရထားပါတယ်။ ဒုတိယဇနီး ကနေဒါအဆိုတော် ဂရင်းမ် နဲ့က ၃ ယောက်ရထားပြီး တတိယဇနီး နျူရယ်လင့်ခ် အမှုဆောင်အရာရှိ ရှီဗွန်ဇီလီ နဲ့က ကလေး ၂ ယောက် ရထားပါတယ်။ အခု အက်ရှ်လေက မွေးထားတဲ့ကလေးနဲ့ ဆိုရင် အီလွန်မက်စ်မှာ ကလေး ၁၃ ယောက် ရပြီ ဖြစ်ပါတယ်။ 

အီလွန်မက်စ်က လုံခြုံရေး အကြောင်းပြချက်နဲ့ ကလေးကို သူနဲ့ ရတယ်ဆိုတာ ထုတ်မပြောဖို့အတွက် အက်ရှ်လေကို မှာထားပေမဲ့ သူမက နယူးယောက်ခ်ပို့စ် နဲ့ အင်တာဗျူးမှာ ထုတ်ပြောလိုက်တာပဲ ဖြစ်ပါတယ်။ အီလွန်မက်စ်နဲ့ ပက်သတ်ပြီး သူမက “သူက ပျော်တတ်တဲ့ သူပါ။ တော်လည်းတော်ပါတယ်။ ကျမနဲ့ သူနဲ့က တွစ်တာ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာတွေ့ခဲ့တာပါ။ အင်တာဗျူးပြီးတော့ ကျမဆီကို သူက မက်ဆေ့တစ်ခုလှမ်းပို့ပါတယ်။ အပြင်မှာတွေ့ပြီး ဒိတ်ချင်လို့ပါတဲ့။ နောက်တော့ အလွန်လှတဲ့ ကျွန်းလေးတစ်ခုမှာ ကျမတို့ ၂ ယောက် ပျော်ရွှင်စွာ အချိန်ဖြုန်းခဲ့ကြပါတယ်။ ကျမအနေနဲ့ ပြောရရင်တော့ ကလေးကို ကျမ တစ်ယောက်တည်း ထိန်းသိမ်းစောင့်ရှောက်မှာပါ။ ကျမက တွစ်တာ ( ယခု အိတ်စ် မီဒီယာ) ကလွဲပြီး သူ့အပေါ် သိပ်စိတ်မဝင်စားပါဘူး။ သူနဲ့ ကျမတွေ့တုန်းက ကျမက ၂၄ နှစ် ၊ သူ ၅၁ နှစ်ပါ။ ပြီးခဲ့တဲ့ ၂နှစ်ကျော်ကပေါ့။ ကျမကို ဖွင့်မပြောဖို့ပြောထားပါတယ်။ ကျမက အဲ့ဒါနဲ့ ပတ်သက်ပြီး ချစ်တာတွေ၊ မေတ္တာတွေ သိပ်မရှိပါဘူး” လို့ ပြောသွားပါတယ်။ 

အီလွန်မက်စ်ကတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေ ဖြေကြားခြင်းမရှိပါဘူး။ 


REF: money control

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)