ပေါက်ခေါင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်


ပေါက်ခေါင်း၊ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် နယ်မြေလုံခြုံရေးအခြေအနေအရ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် ယခုလိုပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ဆန်ရိက္ခာဖိုးငွေများ လစဉ်ရရှိရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်သန်းစိန်တို့က ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၂၀,၀၀၀) ကျပ်နှုန်းဖြင့် ဝန်ထမ်း၊ ပြည်သူစုစုပေါင်း(၁၃၉) ဦးအတွက် ငွေကျပ် (၂,၇၈၀,၀၀၀/-) ကိုပေးအပ်ရာ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လက်ခံခဲ့ပြီး ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင် 

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)