Pages

Pages

လောကသရဖူစေတီတော်မြတ်ကြီး၊ ပင်မစေတီတော် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားပြုလုပ်


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၄                                                                      

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ပန်ကွဲတောင်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော်မြတ်ကြီး၏ ပင်မစေတီတော် ရတနာ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ပန်ကွဲတောင်၊ ဗုဒ္ဓဥယျာဉ်တော်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ တူယားကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ နှင့် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဝဇီပိတ် ဆရာတော်  အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ နမောတသ (၃)  ကြိမ်ရွတ်ဆိုပြီး ရတနာအုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ တူယားကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဇျာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။

ဆက်လက်၍ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဝဇီပိတ်ဆရာတော်က ဦးဆောင်၍ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက လောကသရဖူစေတီတော် မြတ်ကြီး ၏ ပင်မစေတီတော်တည်ထားကိုးကွယ်မည့်နေရာတွင် ရတနာအုတ်မြစ်များ စီချယ်ပူဇော် ကြသည်။ ယင်းနောက် တိုင်းမှူးနှင့်အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်း ရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق