အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်း ရာနဲ့ချီပြီး အလုပ်ဖြုတ်ပစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်း ရာနဲ့ချီပြီး အလုပ်ဖြုတ်ပစ်


ဖေဖော်ဝါရီ - ၁၆ ( တနင်္ဂနွေနေ့ ) 

လိုက်ဘေးရီးယားသမ္မတ ဂျိုးဇတ်နျူမာ ဘိုအာခီ သည် နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီသို့ ပိုင်ဆိုင်မှုများကို ကြေညာရန် ပျက်ကွက်ခဲ့သော အမေရိကန်၊ ဗြိတိန်နှင့် ကုလသမဂ္ဂဆိုင်ရာ သံတမန်များ အပါအဝင် ပြည်တွင်း အစိုးရအဖွဲ့ဝင် ထိပ်တန်းအရာရှိ ၄၅၀ ကျော်ကို ရာထူးမှ ရပ်စဲလိုက်တယ်လို့ သိရပါတယ်။ 

ကြာသပတေးနေ့က ထုတ်ပြန်သည့် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ “လိုက်နာမှုမရှိသော” ပြည်သူ့ဝန်ထမ်းများကို “လစာမပေးဘဲထားရန် သို့မဟုတ် တစ်လတာအတွင်း လိုအပ်သည့် ကြေငြာချက်များကို မတင်ပြနိုင်မချင်း ရာထူးမှ ဆိုင်းငံ့ထားရန် ပါရှိပါတယ်။ "ပိုင်ဆိုင်မှုကြေညာခြင်းသည် တရားဝင်တာဝန် တစ်ရပ်သာမက ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် အစိုးရအဖွဲ့အစည်းများအပေါ်  ပြည်သူများ၏ယုံကြည်မှုကို ပြန်လည်ရရှိစေရန်အတွက် အခြေခံ အစီအမံတစ်ခုဖြစ်ပါတယ်" လို့ ၎င်းကပြောပါတယ်။ 

လိုက်ဘေးရီးယားနိုင်ငံ ဥပဒေများတွင် အစိုးရအဖွဲ့ဝင်အားလုံးသည် ရာထူးတာဝန်ယူချိန်နှင့် ရာထူးမှ နုတ်ထွက်သည့်အခါတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုကို ကြေညာရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ ဗုဒ္ဓဟူးနေ့တွင် လိုက်ဘေးရီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (LACC) က အရေးယူခံရတဲ့  ပြည်သူ့ဝန်ထမ်း အရာရှိ ၄၅၇ဦး၏ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာရင်းတွင် အမှုဆောင် အရာရှိအဆင့် ဝန်ထမ်းများ၊ သမ္မတအိမ်တော် အရာရှိများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးများ၊ ဘတ်ဂျက်ဝန်ကြီးများ၊ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူးကိုယ်စားလှယ်တို့ ပါဝင်ပါတယ်။

သမ္မတ ဘိုအာခီက မနှစ်က လုပ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ သမ္မတဟောင်း ဂျော့ဝီအာ ကို အနိုင်ရပြီးနောက်မှာတော့ လိုက်ဘေးရီးယားမှာ ပျောက်ဆုံးနေတဲ့ မျှော်လင့်ချက်ကို ပြန်ရှာပေးပါမယ်ဆိုပြီး ပြည်သူတွေကို ကတိကဝတ်ပြုခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ အကျင်ပျက်ခြစားမှုကို အဓိကထား တိုက်ဖျက်သွားမယ်လို့လည်း ဆိုပါတယ်။ မနှစ်က လိုက်ဘေးရီးယာမြို့တော် မွန်ရိုဗီယားမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတစ်ရပ်ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေက အကျင့်ပျက်ခြစားတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အိမ်ကို မီးရှိုဖျက်ဆီးခဲ့ပါတယ်။ 


REF ; RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)