ယူအေအီးနဲ့ နယူယောက်ခ်မှာ ကူးစက်မြန် မျောက်ကျောက်ရောဂါမျိုးအသစ်တစ်ခုတွေ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူအေအီးနဲ့ နယူယောက်ခ်မှာ ကူးစက်မြန် မျောက်ကျောက်ရောဂါမျိုးအသစ်တစ်ခုတွေ့




ဖေဖော်ဝါရီ - ၁၆ ( တနင်္ဂနွေနေ့ ) 

အရှေ့အလယ်ပိုင်းက ယူအေအီးနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုက နယူးယောက်ခ်မှာ ကူးစက်မြန်တဲ့ Clade 1b mpox မျောက်ကျောက်ရောဂါမျိုးစိတ် အသစ်တစ်မျိုးကိုတွေ့ ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးအဖွဲ့၏အဆိုအရ၊ တစ်ဦးနဲ့ တစ်ဦး ပတ်သက်မှုမရှိတဲ့ အဲ့ဒိလူနာနှစ်ဦးစလုံးသည် အာဖရိကသို့ ခရီးထွက်ဖူးသော ရာဇဝင်ရှိခဲ့ပြီး အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ကူးစက်မှုကို မတွေ့ရှိမီ ပြီးခဲ့သည့်လတွင် ရောဂါလက္ခဏာများ စတင်ပြသခဲ့ပါတယ်။ 

မကြာသေးမီကာလက အာဖရိကတိုက် ယူဂန်ဒါနိုင်ငံကို သွားရောက်လည်ပတ်ခဲ့သူတွေမှာ မျောက်ကျောက် ရောဂါကူးစက်ခံလိုက်ရတာတွေ ရှိတယ်လို့ WHOက ဆိုခဲ့ပါတယ်။ ယူအေအီးက လူနာမှာ မျောက်ကျောက်ရောဂါလက္ခဏာ စတင်တွေ့တဲ့ အချိန်ကစပြီး ကျန်းမာရေး အာဏာပိုင်တွေက စမ်းသက်စစ်ဆေးမှုတွေကို စလုပ်နေပါပြီ လို့ဆိုပါတယ်။ 

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနကတော့ ရောဂါလက္ခဏာပြသူတွင် အတည်ပြုထားသော မျောက်ကျောက်ရောဂါပိုး clade 1B အမျိုးအစားအသစ် ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ကျန်းမာရေး အကြံပေးချက် ထုတ်ပြန်ထားပါတယ်။ အများပြည်သူအတွက် လက်ရှိဖြစ်ပေါ်နိုင်ခြေ နည်းနေသေးပြီး နယူးယောက်ပြည်နယ်မှာ ဒီရောဂါကူးစက်မှု ထပ်တိုးဖြစ်ပွားမှု မရှိသေးပေမယ့် သတိထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ပြည်နယ်ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ ဂျိမ်းမက်ဒေါ်နယ် ရဲ့အဆိုအရ ရောဂါပိုးရှိသူသည် သမားတော်များရဲ့ စောင့်ရှောက်မှုအောက်တွင်ရှိပြီး “ရောဂါလက္ခဏာများ ပြည့်စုံသည်အထိ” သီးခြားခွဲထားပါတယ် လို့သိရပါတယ်။ 


REF: News 18

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)