အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယမန်နေ့က အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့်စပ်လျဉ်းသည့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ ကောင်စီဝန်ကြီးများ အစည်း အဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဝန်ကြီး H.E. Gan Kim Yong က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဝန်ကြီးများသည် ၂၀၂၅ ခုနှစ် မတ်လ၌ အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းညှိနှိုင်းမှုများ အပြီးသတ်နိုင်ရေးအတွက် လမ်းညွှန်ချက်ပေး ရန်ကိစ္စရပ်များ၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် ဒုတိယအခြေပြစာချုပ် ချုပ်ဆိုရေး ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းကြသည်။

အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု များကို ၂၀၂၂ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လတွင် အပြီးသတ်ရန် အာဆီယံနိုင်ငံ များက ရည်မှန်းထားကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)