Pages

Pages

အထီးကျန်ပြီး မသေချင်လို့ ထောင်ထဲပြန်သွားတဲ့ ဂျပန်အဘွားအို


ဖေဖော်ဝါရီ - ၂ ( တနင်္ဂနွေနေ့ ) 

အသက် ၈၁ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးသည် ဆင်းရဲမွဲတေမှုနှင့် အထီးကျန်မှုကြောင့် အကျဉ်းထောင်သို့ ပြန်လာရန် တမင်တကာခိုးမှုကျူးလွန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ တိုချီဂီ အမျိုးသမီး အကျဉ်းထောင်တွင် အသက် ၈၁ နှစ်အရွယ် အကျဉ်းသား အာကီယို သည် သံတိုင်များနောက်ကွယ်တွင် မမျှော်လင့်ထားသော တည်ငြိမ်မှုတွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ခိုးမှုဖြင့် ဒုတိယကြိမ်မြောက် ပြစ်ဒဏ်ကို ကျခံနေရသော အာကီယိုရဲ့   ဇာတ်လမ်းက နိုင်ငံ၏ အသက်အရွယ်ကြီးရင့်မှု အကျပ်အတည်းကြားတွင် သက်ကြီးရွယ်အို ဂျပန်များ ရင်ဆိုင်ကြုံတွေ့နေရသော ရုန်းကန်မှုများကို မီးမောင်းထိုးပြခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့ပါတယ်။

Akiyo သည် အစားအစာခိုးယူမှုကြောင့် အသက် ၆၀ တွင် ပထမအကြိမ်ထောင်ကျခဲ့ပါတယ်။  နှစ်အတန်ကြာ ပြီးနောက်မှာတော့ ပင်စင်လစာနည်းပါးပြီး မိသားစုထောက်ပံ့မှု ချိုတဲ့တာကြောင့် ခိုးယူမှုကို ထပ်လုပ်ပါတယ်။ သူမရဲ့ လုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်ပြီး “ကျွန်မသာ ငွေကြေးတည်ငြိမ်ပြီး သက်တောင့်သက်သာရှိတဲ့ ဘဝနေထိုင်မှုပုံစံဖြစ်ခဲ့ရင် အဲဒါကို သေချာပေါက် လုပ်မှာမဟုတ်ဘူး” လို့ ဆိုပါတယ်။

အာကီယို ကို အကျဉ်းချခြင်းမပြုမီက သူမတွင် ၄၃ နှစ်အရွယ်သားဖြစ်သူနှင့်အတူ နေထိုင်ခဲ့ပြီး သူမရဲ့သားက သူမကို စွန့်ခွာလိုသောဆန္ဒ မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။ ဒီမိသားစုအတွင်း တင်းမာမှုက သူမကို စိတ်ပျက်အားငယ်မှုဖြစ်စေပြီး "ငါ အသက်ရှင်နေဖို ဘာအကြောင်းမှ မရှိဘူး" နဲ့ "သေဖို့ပဲရှိတယ်" လို့ ခံစားရစေပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် သူမလွတ်မြောက်လာသောအခါ မှာ အာကီယိုက "တစ်ယောက်တည်း နေရတာက အရမ်းခက်ခဲတဲ့ကိစ္စပါ၊ ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်လိုက်ရလို့ ရှက်မိတယ်" လို့ ငိုကြွေးခဲ့ ပါတယ်။

အာကီယိုရဲ့ အဖြစ်က မထူးခြားပါဘူး။ ၂၀၂၂ အစိုးရ အချက်အလက်များအရ သက်ကြီးရွယ်အို အမျိုးသမီး အကျဉ်းသား ၈၀% ကျော်သည် ခိုးမှုဖြင့် ထောင်ကျနေကြောင်း သိရပါတယ်။ အသက် ၆၅ နှစ်နှင့်အထက် အကျဉ်းသားဦးရေသည် ၂၀၀၃ ခုနှစ်ကတည်းက လေးဆနီးပါး တိုးလာခဲ့ပါတယ်။ တိုချီဂီ အမျိုးသမီး အကျဉ်းထောင်မှ အရာရှိ တာကာရိုရှီ ရှီရာနာဂါ က “သက်ကြီး အကျဉ်းသား အတော်များများအတွက် အကျဉ်းထောင်က အပြင်မှာ တစ်ယောက်တည်း သေရတာထက် ပိုကောင်းပါတယ်” လို့ ပြောသွားပါတယ်။ 


REF - Hindustan Times

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق