(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများ၌ ပဉ္စမမြောက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့်လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများ၌ ပဉ္စမမြောက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့်လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကား






ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ပဉ္စမမြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများ၊ MSME ထုတ်ကုန်အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများလာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်။

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများက MSME ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ သုတ/ရသစာအုပ် အရောင်းဆိုင်များတွင် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဈေးဝယ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများမှ ပြသထားသည့် ကဏ္ဍအလိုက်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဗဟုသုတဆိုင်ရာ ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၅  ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်မြို့ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများ၊ MSME ထုတ်ကုန်အရောင်းဆိုင်များကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၆)ရက်နေ့အထိ (၅)ရက်တိုင်တိုင် စည်ကားစွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

#News #MNP #International

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)