အီလွန်မက်စ်တို့အဖွဲ့က ကာကွယ်ရေးဝန်ကြီးဌာနကိုတောင် စစ်ဆေးမှုလုပ်နေကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီလွန်မက်စ်တို့အဖွဲ့က ကာကွယ်ရေးဝန်ကြီးဌာနကိုတောင် စစ်ဆေးမှုလုပ်နေကြပြီ


ဖေဖော်ဝါရီ - ၉ ( တနင်္ဂနွေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွင့်အာဏာအောက်မှာ ဖွဲ့စည်းထားပြီး ကမ္ဘာ့သူဌေးကြီး အီလွန်မက်စ် ဦးဆောင်တဲ့ အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန DOGE အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကို စစ်ဆေးရေး လုပ်မှာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။ 

အီလွန်မက်စ်ရဲ့ အသစ်ခန့်ထားတဲ့ စစ်ဆေးရေးမှူးတွေက ပြည်သူ့အသုံးစရိတ်များကို ပြန်လည်စိစစ်ရန်အတွက် ပင်တာဂွန် နဲ့ ပညာရေး ဌာနတွေကို အာရုံကျနေပါတယ်။ ဗဟိုအစိုးရရဲ့ အသုံးစရိတ်တွေက တကယ်ပဲ ထိရောက်မှုရှိသလား၊ မလိုအပ်ဘဲ ရာထူးခန့်ထားမှုတွေ လုပ်နေသလား၊ အမှန်တကယ်အလုပ်မဖြစ်တဲ့ ဌာနတွေ ဟုတ် မဟုတ်ကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ 

DOGEက ထရမ့် အစိုးရရဲ့ အထူးဝန်ထမ်းတွေဖြစ်ပြီး အေဂျင်စီက အမြဲတမ်းဗဟိုအလုပ်အမှုဆောင်ဌာန မဟုတ်ပါဘူး။  အစိုးရအသုံးစရိတ်လျှော့ချရန်အတွက် ရည်စူးထားသော ယာယီအဖွဲ့ ဖြစ်ပါတယ်။ လက်ရှိသမ္မတရဲ့ အထူးအကြံပေး အဖွဲ့ထဲမှ တစ်ခုပဲဖြစ်ပါတယ်။ 

သောကြာနေ့က ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ နဲ့ ပူတွဲ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မက်စ်က ဌာနဆိုင်ရာများရဲ့ ဘတ်ဂျက်များကို ပြန်လည်သုံးသပ်ရတာက “အခက်အခဲတွေရှိပြီး အရာရာတိုင်းကို ဖြတ်သန်းရလိမ့်မယ်” လိုပြောကြားခဲ့ပါတယ်။  

"စစ်တပ်ဖြစ်တဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို စစ်ကြည့်ဖို့ နဲ့ ပညာရေးဌာနတွေကို သွားစစ်ဆေးဖို့ ကျနော်တို့ကို ညွှန်ကြားထားပါတယ်၊ တော်တော်ဆိုးတဲ့ အရာတွေကို တွေ့ရလိမ့်မယ်လို့ထင်တယ်၊ အချိုးကျမယ်လို့လည်း မထင်ပါဘူး၊ ဒါပေမဲ့ အဲ့ဒါတွေကို ကျနော်တို့ မြင်လိုက်ရသလို ခင်ဗျားတို့လည်းမြင်ခွင့်ရမှာပါ” လို့ ထရမ့်ကပြောခဲ့သလို DOGE ကလည်း ဘယ်လောက်တောင်ဆိုးဝါးခဲ့သလဲဆိုတာ “အများကြီး” ပဲလို့ ပြောသွားပါတယ်။ 

ဒီရက်သတ္တပတ် အစောပိုင်းက၊ အမေရိကန်နိုင်ငံတကာဖွံဖြိုးတိုးတက်မှုအေဂျင်စီ (USAID) က အမေရိကန်ပြည်သူတွေရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာခိုးယူခဲ့ကြောင်း၊ မီဒီယာတွေကို ပိုက်ဆံပေးပြီး ခိုင်းဖို့အတွက် အရင် ဒီမိုကရက်တစ်အစိုးရက ရန်ပုံငွေ ခေါင်းစဉ်တပ်ပြီး ဖြုန်းခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။  


REF - RT

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)