ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တပ်လေထီးဖြင့် ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းမှ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တပ်လေထီးဖြင့် ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းမှ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ၊ ဖေဖော်ဝါရီလ ၃

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို ဖေဖော်ဝါရီ(၂)ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စက်တပ်လေထီးဖြင့် ဗုံးကြဲခြင်း မြေပြင်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏‌ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်သမားများ တရားမဝင်ခိုအောင်းနေထိုင်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့်ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့မှုများအရ အကြမ်းဖက် သမားများ တရားမဝင် ဝင်ရောက်လာခြင်း၊ ခိုအောင်းနေထိုင်ခြင်းများမရှိစေရေး လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကိုသာ ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ပစ်ခတ်တိုက်ခိုက် ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေး မှုမရှိသည့် ပြည်သူများအား အကြောက်တရားများလွှမ်းမိုးစေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိစေရန် အဆိုပါနယ်မြေများအား ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိ သဖြင့် ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်များ ပျက်စီးဆုံးရှုံးရခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှု လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် သတင်းအမှားများ ကို လုပ်ကြံရေးသားဖြန်ဝေနေခြင်းသာဖြစ်ကြောင်း  သတင်းရရှိသည်။


#MNP #News #FakeNews

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)