အမေရိကန် နျူစွမ်အင်သုံး လေယာဉ်တင်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့တိုက်မိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် နျူစွမ်အင်သုံး လေယာဉ်တင်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့တိုက်မိ


ဖေဖော်ဝါရီ - ၁၅ (စနေနေ့ ) 

နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Harry S. Truman သည် ကုန်သည်သင်္ဘော Besiktas-M နှင့် ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းတွင် မြေထဲပင်လယ်ထဲမှာ တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ 

အီဂျစ်နိုင်ငံ၊ ဆာအက်ဆိပ်ကမ်း အနီးမှာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၆ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။ နျူ့လေယာဉ်တင် သင်္ဘောတွင် ထိခိုက်ဒဏ်ရာရမှု နဲ့ ပေါက်ပြဲသွားပြီး ရေဝင်ခြင်း မရှိလို့ အစီရင်ခံခဲ့ပြီး ၎င်းရဲ့ နျူကလီးယား တွန်းကန်မှုစနစ်များသည်လည်း “ဘေးကင်းလုံခြုံပြီး တည်ငြိမ်သောအခြေအနေတွင်ရှိသည်” ဟု အမေရိကန်ရေတပ်က ၎င်း၏ထုတ်ပြန်ချက်တွင် အလေးပေးပြောကြားခဲ့ပါတယ်။ အဖြစ်အပျက်ကိုတော့ စုံစမ်းစစ်ဆးဆဲ ဖြစ်ပါတယ်။ 

အလေးချိန်တန်ချိန် ၅၃,၀၀၀ ရှိသည့် အရှည် ၁၈၈ မီတာကျော်ရှိသည့် Besiktas-M သင်္ဘောသည် မကြာသေးမီက စူးအက်တူးမြောင်းကို ဖြတ်ထွက်လာပြီးနောက် ရိုမေးနီးယားနိုင်ငံ၊ ကွန်စတန်တာပင်လယ်နက်ဆိပ်ကမ်းသို့ လာရောက်ချိန်မှာ တိုက်မိတာပဲ ဖြစ်ပါတယ်။ 

ဒေသတွင်း တင်းမာမှုများ ပြင်းထန်နေချိန်တွင် အမေရိကန်က အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် USS Harry S. Truman ကို ၂၀၂၄  စက်တင်ဘာလကတည်းက မြေထဲပင်လယ်တွင် ဖြန့်ကျက်ချထားခဲ့တာပါ။  သင်္ဘောသား ၅,၀၀၀ ခန့် တင်ဆောင်ထားသည့် အဆိုပါ သင်္ဘောသည် ယီမင်ရှိ ဟူသီသူပုန်များကို ဒုံးကျည် အများအပြားဖြင့် တိုက်ခိုက်ခြင်း အပါအဝင် စစ်ဆင်ရေး အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ယခုတိုက်မိမှုသည် အမေရိကန်ရေတပ်သင်္ဘောများနဲ့ ပတ်သက်တဲ့ ရေကြောင်းဆိုင်ရာ နောက်ဆုံး မတော်တဆဖြစ်မှု ဖြစ်ပြီး ၂၀၁၇တုန်းက USS Fitzgerald သည် ဂျပန်နိုင်ငံကမ်းလွန်တွင် ACX Crystal ကွန်တိန်နာသင်္ဘောနှင့် တိုက်မိခဲ့ရာ သင်္ဘောသား ခုနစ်ဦး သေဆုံးခဲ့ဖူးပါတယ်။ ထိုနှစ်နှောင်းပိုင်းတွင် USS John S. McCain သည် စင်ကာပူအနီးရှိ ရေနံတင်သင်္ဘော Alnic MC နှင့် တိုက်မိပြီး သင်္ဘောသား ၁၀ ဦး သေဆုံးခဲ့ပါတယ်။  နောက်ထပ်ထင်ရှားသောဖြစ်ရပ်တစ်ခုမှာ၊ Seawolf အတန်းအစား နျူကလီးယားစွမ်းအင်သုံး အမြန်တိုက်ခိုက်ရေးရေငုပ်သင်္ဘော USS Connecticut သည် တောင်တရုတ်ပင်လယ်ရှိ ရေအောက်တောင်တန်း တစ်ခုနှင့် ၂၀၂၁ အောက်တိုဘာလ ၂ ရက်နေ့တွင် တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်၏ စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။ အဆိုပါ တိုက်မိမှုကြောင့် သင်္ဘောသား ၁၁ ဦး ဒဏ်ရာရခဲ့ပြီး ရေငုပ်သင်္ဘော၏ ရှေ့တန်းအပိုင်းကို သိသိသာသာ ထိခိုက်ပျက်စီးစေခဲ့ပါတယ်။  


REF: RT

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)