Pages

Pages

မိုးနဲမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်





မိုးနဲ၊ ဖေဖော်ဝါရီ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်က‌မ္ဘောဇခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များက မိုးနဲမြို့နယ်အတွင်း သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူ ၇၁၃ ဦး အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ တစ်ဦးလျှင်ကျပ် ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ်  ၁၄၂၆၀၀၀၀ ကိုအသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

      

မျိုးညွန့်ရွှေ(မိုးနဲ) 

#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق