ဂါဇာကိုသိမ်းပြီး ပါလက်စတိုင်းတွေကို နှင်ထုတ်ရင် ထရမ့်ကို စွတ်စွဲပြစ်တင်မယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကိုသိမ်းပြီး ပါလက်စတိုင်းတွေကို နှင်ထုတ်ရင် ထရမ့်ကို စွတ်စွဲပြစ်တင်မယ်လို့ ဆို


ဖေဖော်ဝါရီ - ၇ ( သောကြာနေ့ ) 

ဒီမိုကရက်တစ်ပါတီ အမေရိကန် အောက်လွှတ်တော်အမတ် အယ်လ်ဂရင်းက ဂါဇာကို သိမ်းပိုက်ပြီး ပါလက်စတိုင်းတွေကို ပြန်လည်နေရာချထားရေးကိစ္စကို ဆက်လုပ်မယ်ဆိုရင် သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့ ပုဒ်မတွေ တင်သွင်းဖို့ သူ့ဘက်ကလည်း အဆင်သင့်ပဲလို့ ပြောလိုက်ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနဲ့  အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ဂါဇာနဲ့ ပတ်သက်တဲ့ သူ့ရဲ့စိတ်ကူးကို ထုတ်ဖော်ပြောခဲ့ပါတယ်။ ဂါဇာကို အမေရိကန်တွေရဲ့ လက်အောက်မှာ ထားထားပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဗဟိုဌာနလုပ်မယ်၊ ပြီးရင် ဒေသတွင်း အလုပ်အကိုင်တွေ ရအောင် လုပ်ဆောင်ပေးမယ်၊ လက်ရှိနေထိုင်နေတဲ့ ပါလက်စတိုင်းတွေကိုတော့ အခြားစိတ်ဝင်စားတဲ့ နေရာတွေကို ရွှေ့ပြောင်းပေးလိုက်မယ် ဆိုပြီး ပြောခဲ့ပါတယ်။ ဧရိယာတစ်ခုလုံးကို မိုင်းရှင်းလင်းရေးလုပ်မယ်၊ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်မယ်၊ အလုပ်အကိုင်နှင့် အိမ်ရာများတွေကို ဖန်တီးပေးမယ် ဆိုပြီး အကြမ်းဖျင်း အစီအစဉ်တွေ ပါရှိပါတယ်။  

လွှတ်တော်အမတ် ဂရင်းကတော့ ကမ္ဘာပေါ်မှာ အာဏာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ နှုတ်ထွက်စကားက လူမျိုးတုံး သုတ်သင်မှုလို ဖြစ်နေတဲ့အတွက် အလွန်ရွံစရာကောင်းတယ်လို့ ပြောပြီး ရှုံ့ချခဲ့ပါတယ်။ အဲ့ဒါအပြင် အဲ့ဒိ တက္ကဆက်ပြည်နယ်လွှတ်တော်အမတ်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို  "ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို သိပြီး ဒီနေရာမှာပဲ ရပ်ဖို့ကောင်းနေပြီ။ အခုလိုပြောတွေတာတွေက ရှက်ဖို့ကောင်းနေပြီ" လို့လည်း ဝေဖန်ပြစ်တင်သွားပါတယ်။ 

ထရမ့်ရဲ့စိတ်ကူးက ဒေသတွင်းတည်ငြိမ်မှုနှင့် ပါလက်စတိုင်း အခွင့်အရေးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာနိုင်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့များက ထရမ့်ကို သတိပေးမှုတွေ ပြုလုပ်လာပါတယ်။ 

"သမ္မတကို စွပ်စွဲပြစ်တင်ရန် လှုပ်ရှားမှု စတင်နေပြီ" ဟု ဂရင်းက ဆက်လက် ကြေညာခဲ့ပြီး ၎င်း၏ "ယုတ်ညံ့သော လုပ်ရပ်များ အဆိုပြုထားချက်" နှင့် "ယုတ်ညံ့သော လုပ်ရပ်များ" နှစ်ခုလုံးအတွက် စွပ်စွဲပြစ်တင်တဲ့ ပုဒ်မများကို အသုံးပြုမယ်လို့ ကတိပြုခဲ့ပါတယ်။ 


REF - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)