ကားဗုံးပေါက်လို့ အနောက်ဘက်ကမ်းဒေသက အကြမ်းဖက်သမားတွေကို တိုက်ဖို့ ဝန်ကြီးချုပ်အမိန့်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကားဗုံးပေါက်လို့ အနောက်ဘက်ကမ်းဒေသက အကြမ်းဖက်သမားတွေကို တိုက်ဖို့ ဝန်ကြီးချုပ်အမိန့်ပေး



ဖေဖော်ဝါရီ - ၂၁ ( သောကြာနေ့ ) 

ကြာသပတေးနေ့ညက အစ္စရေး မြို့တော်ဟောင်း တဲလ်အဗစ် မှာရှိတဲ့ ကားရပ်နားရာနေရာတွေမှာ ဘတ်စ်ကား အလွတ်သုံးစီး ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု  က အနောက်ဘက်ကမ်းဒေသကို စစ်ရေးအရကျုးကျော်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

“ဝန်ကြီးချုပ်က ယုဒနဲ့ ရှမာရိမှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ ဗဟိုဌာနတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ အစ္စရေး ကာကွယ်ရေးတပ် ( IDF )ကို အမိန့်ပေးလိုက်ပါတယ်။ အစ္စရေးမြို့များတွင် နောက်ထပ် တိုက်ခိုက်မှုများကို တားဆီးရန် အစ္စရေးရဲတပ်ဖွဲ့နှင့် ISA တို့ကိုလည်း ဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

Times of Israel သတင်းဌာနအဆိုအရ ဘတ်ယမ် နှင့် ဟိုလွန် ဆင်ခြေဖုံးရပ်ကွက်များတွင် ယာဉ်အလွတ်သုံးစီး ပေါက်ကွဲပြီးနောက် ဘတ်စ်ကားများပေါ်တွင် နောက်ထပ်ဗုံးနှစ်လုံးကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးက အဆိုပါဖြစ်ရပ်ကို “အစုလိုက်အပြုံလိုက် ဘတ်စ်ကားဗုံးခွဲမှု ကွင်းဆက်တစ်ခု ကျူးလွန်ရန် ကြိုးပမ်းမှု” အဖြစ် ဖော်ပြခဲ့ပါတယ်။ 

တဲလ်အဗစ် ရဲချုပ် ဟမ်ဆာဂါရော့က တိုက်ခိုက်မှုဟာ အနောက်ဘက်ကမ်းမှာ တစ်ခုခုဖြစ်နေပုံရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့သည့်လက IDF သည် ဂျီနင်ဒုက္ခသည်စခန်းတွင် ကြီးမားသော “အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ဆင်ရေး” ကို စတင်ခဲ့ပြီး နောက်ပိုင်းတွင် တာကာရမ် ဒုက္ခသည်စခန်းဘက်ကို လည်း ဆက်လုပ်ခဲ့ပါတယ်။ အယ်လ်ဂျာဇီးရားသတင်းဌာနအဆိုအရ အဲ့ဒိကျုးကျော်မှုက ၁၉၆၇ ခုနှစ်နောက်ပိုင်း IDFရဲ့ နယ်မြေအတွင်း အကြီးမားဆုံး ကျုးကျော်မှုဖြစ်တယ်လို့ သိရပါတယ်။  တိုက်ပွဲများကြောင့် အနောက်ဘက်ကမ်း မြောက်ပိုင်းမှ ပါလက်စတိုင်း ၄၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ 


REF - RT

#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)