Pages

Pages

တနိုင်းမြို့ သာသနာပြု(ဗဟို)ကျောင်းတိုက်၌ ဗုဒ္ဓအဆုံးအမခံယူပွဲကျင်းပ



တနိုင်း၊ ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ သာသနာပြု(ဗဟို)မြို့မကျောင်းတိုက်၌ ဖေဖော်ဝါရီလ(၉)ရက်နေ့ နေ့လယ်(၁)နာရီက တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်နှင့် အခြားဒေသတို့မှ အိမ်ထောင်စု(၁၂၁)စုတို့၏ ဗုဒ္ဓအဆုံးအမခံယူပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ "နမောတဿ"(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ တနိုင်းမြို့သာသနာပြု (ဗဟို)မြို့မကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒနာလင်္ကာရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားဒေသနာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်တော်မူခဲ့ကြပြီး ပရိတ်သတ်များမှ ဆရာတော်သံဃာအရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းငွေ (၄၂၅၅၀၀၀)ကျပ်၊ တနိုင်း(ဗဟို)ဆရာတော်မှ (၁၀)သိန်းကျပ်၊ ဟိုပင်(ဗဟို)ဆရာတော်မှ (၁၀)သိန်းကျပ်၊ တနိုင်းဈေးသူဈေးသားများမှ (၁၂၇၅၀၀၀)ကျပ်နှင့် အ.ထ.က(၁) ဆရာမများမှ (၂)သိန်းကျပ် စုစုပေါင်း(၇၇၃၀၀၀၀)ကျပ် လှူဒါန်းခဲ့ကြသည်။

 ဆက်လက်၍ ဗုဒ္ဓအဆုံးအမခံယူသည့် အိမ်ထောင်စုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ဝါဦးမှ အိမ်ထောင်စု(၁၂၁)စုတို့ကို အိမ်ထောင်စုတစ်စုလျှင် ဗုဒ္ဓရုပ်ပွားဆင်းတု‌တော်(၁)ဆူနှင့် ငွေ(၅)သောင်းပေးအပ်ခြင်းနှင့် အဆုံးအမခံယူလာကြသူများကိုယ်စား ဒေါ်ဂျာအောင်မှ ဝမ်းမြောက်ပီတိစကား‌ လျှောက်ထားပြောကြားခဲ့ကြောင်း သိရသည်။ တနိုင်းမြို့ သာသနာပြု(ဗဟို)မြို့မကျောင်းနှင့် ချမ်းမြေ့ရွှေပြည်ကျောင်းတိုက်သို့ ကျောင်းဆောင်ဆောက်လုပ်ရေးအတွက် အလှူတော်ငွေကျပ် သိန်း(၅၀)စီ လှူဒါန်းခဲ့သော လက်ထောက်သာသနာပြုလူပုဂ္ဂိုလ် ဦးငွေသိမ်းမင်းနှင့် ဦးငွေသိဏ်းဝင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ တနိုင်းမြို့ သာသနာပြု(ဗဟို)ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒနာလင်္ကာရ အရှင်သူမြတ်က သရဏဂုံနှင့် အဆုံးအမဩဝါဒတရား ချီးမြင့်တော်မူပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်ချအမျှဝေကာ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


နေလင်းထူး

#News #MNP 

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق