ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ အားလုံးပါဝင်ခွင့်ရမှာပါလို့ တရုတ်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ အားလုံးပါဝင်ခွင့်ရမှာပါလို့ တရုတ်ပြော


ဖေဖော်ဝါရီ - ၁၉ (ဗုဒ္ဓဟူးနေ့ ) 

ယူကရိန်း ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုအားလုံးဟာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုမှာ နောက်ဆုံးမှာ ပါဝင်လာရပါလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျီကွမ် က မနေ့က ပြောလိုက်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ လက်ရှိပြုလုပ်နေတဲ့  ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များကြား အဆင့်မြင့်တွေ့ဆုံမှု စတင်ချိန်အတွင်း ၎င်းကပြောလိုက်ခြင်း ဖြစ်ပါတယ်။  

ရီယာ့ဒ်မြို့၌ တွေ့ဆုံခြင်းသည် မော်စကိုနှင့် ဝါရှင်တန်ကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေတာဖြစ်ပြီး  ပဋိပက္ခကို ဖြေရှင်းရန်အတွက် အခြေခံအုတ်မြစ်ချခြင်း ဖြစ်တာကြောင့်မို့လို့ ယူကရိန်းနဲ့ အီးယူ ကိုယ်စားလှယ်များ ဆွေးနွေးပွဲ တက်ရောက်ခွင့် မရလိုက်တာပါ။ “ပါဝင်ပတ်သက်သူအားလုံးနဲ့ သက်ဆိုင်သူတွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ အချိန်မီ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဂေါင်က ဆိုပါတယ်။  

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တို့ ဦးဆောင်သော အဖွဲ့များသည် ယူကရိန်းနိုင်ငံနှင့် ပတ်သက်သည့် ပထမအဆင့် ဆွေးနွေးပွဲ စတင်နေပြီဖြစ်ပါတယ်။ အဲ့ဒိတွေ့ဆုံပွဲက ၂၀၂၂မှ စတင်၍ နှစ်နိုင်ငံအကြား ပထမဆုံး အဆင့်မြင့် ဆွေးနွေးပွဲဖြစ်ပါတယ်။ 

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ကိသ်ကယ်လော့ဂျ်က စေ့စပ်ညှိနှိုင်းရေးတွင် ပါတီများ အလွန်အကျွံ ခေါ်ယူခြင်းသည် တိုးတက်မှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါပေမဲ့ ယူကရိန်း နဲ့ အီးယူတို့ရဲ့ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပေးပါမယ်လို့ ပြောထားပါတယ်။ 

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးကတော့ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ယူကရိန်းက ဘာမှမသိခဲ့ သလို သူတို့ဆီက ထွက်လာတဲ့ သဘောတူညီချက်တွေကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။

လွန်ခဲ့သည့် သုံးနှစ်နီးပါးက ရန်လိုမှုများ တိုးမြင့်လာပြီးနောက် သံတမန်နည်းလမ်းအရ ဖြေရှင်းရန် တရုတ်အစိုးရ က တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး၂၀၂၃ ခုနှစ်တွင် ငြိမ်းချမ်းရေးအစီအစဉ် ၁၂ ချက်ကို အဆိုပြုခဲ့ပါတယ်။ ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုသည် အကျပ်အတည်းမှ လွတ်မြောက်နိုင်သော တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပေကျင်းအစိုးရက ယုံကြည်ကြောင်း ဂေါင်က ပြောကြားခဲ့ပါတယ်။ 


REF - RT

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)