မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကာ ၇၃၈ ဦး ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကာ ၇၃၈ ဦး ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးခဲ့ကြသူ များကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ပြည်ပနိုင်ငံသား ၇၉၉ ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအနက် ၆၁ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ပနိုင်ငံသား ၆၉ ဦးကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ပနိုင်ငံသား ၂၀၀ ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြည်ပနိုင်ငံသား ၄၆၉ ဦးကို လည်းကောင်း စုစုပေါင်း ၇၃၈ ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများကို စာရင်းကောက်ယူပြီးဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရား မဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂါန်ဒါ၊ ထိုင်းနိုင်ငံနှင့် တရုတ်(တိုင်ပေ) တို့မှ နိုင်ငံသား များဖြစ်ကြသည်။

နိုင်ငံတော်အနေဖြင့် မြဝတီ- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံ များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)