နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအကြမ်းထည်တုံးများနှင့် ကျောက်စိမ်းလက်ကောက်များဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့ဘက်မှ မန္တလေးဘက်သို့ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်နေ ခိုင်ဇင်ဦး(ခ)အရှည်ကြီး (၃၈)နှစ်မောင်းနှင်လာသည့် YGN-19 8K/xxxx Light Truck ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ နောက်ခန်းရှိ ပလတ်စတစ်ဆီပုံးများအတွင်း အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းအကြမ်းထည် ၉ တုံး၊ ကျောက်စိမ်းလက်ကောက် ၇၁၀ ကွင်း တို့အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် ခိုင်ဇင်ဦး(ခ)အရှည်ကြီးအား အမရပူရမြို့မရဲစခန်း(ပ)၂၇/ ၂၀၂၅၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
#News #MNP
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق