မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ချမ်းအေးသာစံ၊ ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။  

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားတိုးတက်အောင်ဆောင်ရွက်ရာ၌ လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍတွင် လုပ်ကိုင်နေကြသော  တောင်သူဦးကြီးများအား ဂုဏ်ပြုသည့် တောင်သူလယ်သမားနေ့ အခမ်းအနားဖြစ်ပြီး အနှစ်သာရရှိစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က မူဝါဒများချမှတ်၍ အလေးထားဆောင်ရွက်နေသည့် စာရေးရိက္ခာဖူလုံရေးတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အထောက်အကူပြုအသိပညာပေးပြခန်းများ၊ အထိမ်းအမှတ်ပြခန်းများအပြင် လယ်ယာသုံး စက်ကိရိယာများနှင့်စက်ပစ္စည်းများ သာမက မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် သွင်းအားစုများ ဝယ်ယူနိုင်သည့် ပြခန်းဆိုင်ခန်းများကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ပါကြောင်း၊ အားနည်းချက်များနှင့် လစ်ဟာမှုများမရှိစေရန် အချင်းချင်းချိတ်ဆက်၍ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် လုပ်ငန်းကော်မတီများအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်မည့် ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)