မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေး


ဘရာဇီးလျား၊ ဖေဖော်ဝါရီ ၁

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်က ဘရာဇီးလ်နိုင်ငံ ဘရာဇီးလျားမြို့ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန Ruy Barbosa Room ၊ Palacio Itamaraty ၌ ကျင်းပပြုလုပ်သည့် ဒုတိယဝန်ကြီးအဆင့် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများအတွက် နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကဏ္ဍနှင့် ကောင်စစ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဘရာဇီးလ်နိုင်ငံမှ ၂၀၂၅ ခုနှစ် ဘဲယ်လမ်မြို့၌ ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံ (COP30) ကျင်းပရန်ပြင်ဆင်နေမှုနှင့် BRICS အဖွဲ့နှင့်သက်ဆိုင်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ အလားအလာများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် အခြားသော နှစ်နိုင်ငံဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးလ်ကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ မာရီယာ လော်ရာဒါရော်ချာက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဘရာဇီးလျားမြို့ရှိ မြန်မာသံရုံး၌ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဇန်နဝါရီ ၃၀ တွင် ဒုတိယဝန်ကြီးသည် ဘရာဇီးလျားမြို့ အစိုးရ၏ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ မစ္စတာ ပါကိုဘရစ်တိုနှင့်လည်းကောင်း၊ ဘရာဇီးလ်နိုင်ငံတကာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ ဒုတိယညွှန်ကြားရေးမှူး မစ္စ မာရီယာ လွီဇာဟီဘေးရိုးလိုးပက်စ်ဒါဆီ(လ်)ဗာနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံသံတမန်မြေ အပြန်အလှန်လဲလှယ်ရေး၊ မြန်မာအစိုးရနှင့် ဘရာဇီးလ်ဖယ်ဒရယ်အစိုးရအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South - South Cooperation) အောက်တွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ မြန်မာနိုင်ငံ၌ မြွေဆိပ်ဖြေဆေး အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များ တိုးမြှင့်နိုင်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)