(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရေး တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရေး တွေ့ဆုံဆွေးနွေး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိစေရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့်တွေ့ဆုံပွဲကို ယမနနေ့က ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ပတ္တမြားခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ အောင်မြင်မှုရရှိရေးအတွက် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ ယှဉ်ပြိုင်အောင်နိုင်ရေး ကိစ္စများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် သက်ဆိုင်ရာအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ ယနေ့ဆွေးနွေးမှုများကို စုစည်း၍ အောင်မြင်မှုရရှိရေးအတွက် လိုအပ်သည်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသူများက အဖွဲ့ချုပ်အလိုက် အားကစားသမားများ စိစစ်ရွေးချယ်စခန်းသွင်းနိုင်ရေး၊ အရည်အချင်းမီနည်းပြများ တာဝန်ပေးအပ်ရေးနှင့် လေ့ကျင့်ရေးကိစ္စများ၊ စားသောက်ရေးကိစ္စရပ်များ၊ အထောက်အကူပြု ပစ္စည်းများအချိန်မီသယ်ယူရရှိနိုင်ရေး၊ အားကစားသမားများ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး၊ Joint Training ပူးတွဲသွားရောက် လေ့ကျင့်နိုင်ရေး၊ အောင်မြင်မှုရရှိသော နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ငွေအပြင် မိသားစုနောင်ရေးအတွက် ပံ့ပိုးပေးရန်ကိစ္စရပ်များ အပါအဝင် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယနေ့တွင် ပြည်ထောင်စု ဝန်ကြီးသည် လှေလှော်၊ ပီတန်း၊ ခြင်းလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ပြေးခုန်ပစ်၊ ခရစ်ကက်၊ သေနတ်ပစ်၊ ရိုးရာလက်ဝှေ့၊ အလေးမ၊ ကြက်တောင်၊ ရွက်လှေ၊ စက်ဘီး၊ စစ်တုရင်၊ ကရာတေး စသည့် သက်ဆိုင်ရာအားကစား နည်းများမှ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)