ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်




ဆိပ်ကြီးခနောင်တို၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်သည်။

ဦးစွာ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် “ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလအတွက်သာ ပေးခြင်းမဟုတ်ဘဲ ၂၀၂၅ခုနှစ်၊ တစ်နှစ်လုံးအတွက် ပေးအပ်ရန်လျာထားစီစဉ်ထားကြောင်း၊ လစဉ်ယခုကဲ့သို့ ထောက်ပံ့ငွေပေးအပ်သွားမှာဖြစ်ကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင်လည်းသတ်မှတ် အထောက်အထားစာရင်းဇယားများဖြင့် စနစ်တကျပေးအပ်သွားမှာဖြစ်ကြောင်း” စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့်အဖွဲ့ဝင်များ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် နှစ်သောင်းနှုန်းဖြင့် ပြည်သူ ၇၂ အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာသူ ပြည်သူ ၁၄၄ ဦး ယာယီရွေ့ပြောင်းနေထိုင်လျက်ရှိပြီး၊ ယခု ၇၂ ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ရာ ကျန်ရှိသည့် ပြည်သူ ၇၂ ဦးအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝေယံ

#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)