ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး မှာကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများတွေ့ဆုံပွဲကို ယမန်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မကြာမီ အတန်းတင်စာမေးပွဲများနှင့်တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုရာ၌ စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် ပါရဂူကျမ်းများနှင့် မဟာတန်းပရောဂျက်စာတမ်းများတွင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ရောက်ပါကလည်း ကျောင်းသား ကျောင်းသူများအတွက် အကျိုးရှိမည့် နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားပေးစေလိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများဖြစ်စေရန် မိမိဘာသာရပ်ဆိုင်ရာစာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာဆည်းပူးနေရန်လိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင် (KG+9) အခြေခံပညာအလယ်တန်းအဆင့်ထိ ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ခန်းအတွင်းသို့ရောက်ရှိရေး အားလုံးဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ယောက်အားဖြင့် ယူသော်မရ အများအားဖြင့် ယူသော်ရ၏ဟူသောဆိုရိုးအတိုင်း မိမိတို့နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆရာ ဆရာမများအားလုံး အင်တိုက်အားတိုက် ဝိုင်းဝန်းလက်တွဲကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့က သင်ကြားရေး၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းလခပေးသွင်းရေး၊ တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာပြီးမြောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)