အီးယူခေါင်းဆောင်တွေက ကြောက်တတ်တဲ့ ယုန်သူငယ်လေးတွေပါလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီးယူခေါင်းဆောင်တွေက ကြောက်တတ်တဲ့ ယုန်သူငယ်လေးတွေပါလို့ ဆို


ဖေဖော်ဝါရီ - ၁၃ ( ကြာသပတေးနေ့ ) 

အမေရိကန်နဲ့ ဥရောပသမဂ္ဂ ( အီးယူ ) ကြား ကုန်သွယ်ရေး ညှိနှိုင်းမှုပြုရာမှာ အီးယူဘက်က အမေရိကန်ကို လိုက်လိုက်လျောလျော ဆက်ဆံနေတာနဲ့ ပတ်သက်ပြီး ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က အီးယူခေါင်းဆောင်တွေက သူရဲဘောကြောင်ပြီး ကြောက်တတ်တဲ့ ယုန်ကလေးတွေလိုဖြစ်နေတယ် ဆိုပြီး ပြစ်ပြစ်နှစ်နှစ် ဝေဖန်သွားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အီးယူနဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေးတင်းမာမှု ကြားမှာ အချိန်ကိုက်ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။ 

မနေ့က ဘူဒါပတ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုလိုက်တာဖြစ်ပါတယ်။ အဲ့ဒိပွဲကို ဂျာမဏီက AFD ပါတီ ခေါင်းဆောင် အဲလိုက်ဝိုက်ဒယ် နဲ့ ပူးတွဲ လုပ်ခဲ့တာပါ။ အမေရိကန်နဲ့ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုမှာ အီယူခေါင်းဆောင်တွေရဲ့ စွမ်းဆောင်ရည်က သံသယဖြစ်စရာ ရှိနေပါတယ် လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

"ပြဿနာက ဥရောပသမဂ္ဂ နှင့် EU အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက သူရဲဘောကြောင်တဲ့ ယုန်တွေလို ထိုင်နေတာပါပဲ။ ဒီအတိုင်းသာသွားနေရင် လက်ရှိ EU အဖွဲ့အစည်းတွေကို အလေးအနက်ထားလို့ မရနိုင်တော့ ပါဘူး။  ဝါရှင်တန်နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုတွင် လေးနက်သော ကမ်းလှမ်းမှုတွေကို မလုပ်နိုင်ဘူးဖြစ်နေတယ်။ ဒါတွေကို အီးယူရဲ့ အကြီးဆုံးစီးပွားရေး နှစ်နိုင်ငံဖြစ်တဲ့ ဂျာမနီနှင့် ပြင်သစ်တို့က အစပျိုး လုပ်ဆောင်သင့် ပါတယ်” လို့ အော်ဘန်က ပြောသွားပါတယ်။ 

ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး အီးယူရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ကို ရဲရဲ ပြောရဲရမယ် လို့ “ အားနည်းတတ် သူတွေ အတွက် ကရုဏါတရားဆိုတာ မရှိပါဘူး” ဆိုပြီး ပြောသွားပါတယ်။ 

ခြွင်းချက် သို့မဟုတ် ကင်းလွတ်ခွင့်မရှိဘဲ လာမည့်လတွင် အမေရိကန်သို့ တင်သွင်းသော သံမဏိနှင့် အလူမီနီယံအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ နောက်ဆုံး အချက်အလက်များအရ အီးယူမှ အမေရိကန်သို့ သံမဏိတင်ပို့မှုသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ယူရို ၃ ဘီလီယံ (ဒေါ်လာ ၃.၁၀ ဘီလီယံ) ခန့်ရှိပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် က စည်းကြပ်ခွန် အပြန်အလှန် ကောက်နေတာက အ‌ဖြေမဟုတ်ပါဘူး။ အီးယူမှ “ခိုင်မာပြီး အချိုးကျသော တန်ပြန်အရေးယူမှုများ” ကို စတင်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။


Ref - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)