Pages

Pages

ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ






ပလောက်၊ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၁)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်ထွန်းက ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယူရီယားဓာတ်မြေဩဇာအိတ်များကို ပလောက်မြို့ရှိ မိုးစပါးစိုက်ပျိုးသူတောင်သူများ ထံဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။


နှင်းမြူလွင် (ပလောက်)

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق