မြစ်ကြီးနားမြို့ ရေလယ်ကျွန်းသဲသောင်ခုံပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြားကောင်ရေ ၄၀၀ ‌ကျော် အုပ်စုလိုက် လာရောက်နေထိုင်ကျက်စား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့ ရေလယ်ကျွန်းသဲသောင်ခုံပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြားကောင်ရေ ၄၀၀ ‌ကျော် အုပ်စုလိုက် လာရောက်နေထိုင်ကျက်စား


မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြား (Bar-headed Goose) ကောင်ရေ ၄၀၀ ကျော်ခန့် အုပ်စုလိုက် ယခင်နှစ်မှ ဒီဇင်ဘာလကုန်ပိုင်းလောက်မှစတင်၍ လာရောက်ကျက်စား နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ကချင်ပြည်နယ်အတွင်း ဆောင်းခိုငှက်များ လာရောက်မှုကို နှစ်စဉ်ဆောင်းရာသီတွင် အင်းတော်ကြီးအိုင်နှင့်ဆက်စပ်ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်မျိုးစိတ်ပေါင်းစုံ အောက်တိုဘာလမှစတင်၍ လာရောက်နေထိုင်လေ့ရှိသည်ကို အများဆုံးသိရှိရပြီး အဆိုပါတောငန်းခေါင်းကြား (Bar-headed Goose)ငှက်များအနေဖြင့် ဧရာဝတီမြစ်အတွင်း သဲသောင်ခုံပေါ်တွင် ၂၀၂၄ ခုနှစ်မှ စတင် လာရောက် နေထိုင်ခြင်းဖြစ်သည်။

ထိုသို့ဆောင်းခိုငှက်များ လာရောက်နေထိုင်မှုသည် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဆောင်းခို ငှက်များ ပျံသန်းရာလမ်းကြောင်း (၉)ခုအနက် အလယ်အာရှလမ်းကြောင်း (Central Asia Flyway) နှင့် အရှေ့-အာရှ-သြစတြေးလျလမ်းကြောင်း (East-Asia Australian Flyway) နှစ်ခုပေါ်တွင် ကျရောက် နေထိုင်ကြခြင်းဖြစ်ကြောင်း အင်းတော်ကြီးအိုင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထို့အပြင် အဆိုပါ ဧရာဝတီမြစ်လယ်ရှိ သဲသောင်ပြင်ပေါ်တွင် လာရောက်နေထိုင်လျက်ရှိသော တောငန်းခေါင်းကြားငှက်များသည် ဆောင်းခိုငှက်မျိုးစိတ်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ထိုင်း နိုင်ငံမြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်းတို့တွင် အောက်တိုဘာလမှ ဧပြီလအတွင်း လာရောက်ဆောင်းခိုကျက်စားလေ့ရှိကာ အာရှတိုက်အလယ်ပိုင်းတွင် သားပေါက်လေ့ရှိကြောင်းနှင့် အဓိကအားဖြင့် မြစ်များ၊ လယ်ကွင်းများနှင့် ရေလှောင်တမံများတွင် အများဆုံးတွေ့ရပြီး မြန်မာနိုင်ငံ တွင် လုံးဝကာကွယ်ထားသည့် ငှက်မျိုးစိတ်ဖြစ်ကာ International Union For Conservation of Nature-IUCN(အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့)၏ စာရင်းများအရ Least Concern-LC (မျိုးသုန်းရန် မစိုးရိမ်ရသေးသော မျိုးစိတ်)တစ်ခုဖြစ်ကြောင်း သိရသည်။

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)