Pages

Pages

ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း (အပိုင်း ၃)



ဒီလို လက်တွေ့အားဖြင့် မရနိုင်တာကို ရနိုင်တယ် ထင်ပြီး ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ် ကိုယ်ကျိုး မနည်းပေ ဘူးလား။ အေး လုပ်ချင်တာလုပ်မယ်။ တရားရုံးကျ တော့ ငါဖြောင့်ချက် ပေးလိုက်မယ်။ ဖြောင့်ချက်ပေး လိုက်တာနဲ့တစ်ပြိုင်နက် ပြစ်မှုတွေအားလုံး ကွင်းလုံး ကျွတ် လွတ်စေဆိုတာမျိုး ရနိုင်သလား။ လူလုပ်တဲ့ ဥပဒေတောင် မရဘူးဆိုရင် သဘာဝတရားရဲ့ ဥပဒေမှာ ဘယ်လိုလုပ် ရမလဲ။

လက်တွေ့ ဘာတခုမှမရှိဘဲ အပြောသက်သက် သာဖြစ်ပြီး လူတွေလက်ခံ ယုံကြည်နေကြတဲ့အရာတွေ လောကမှာ အများကြီး ရှိတယ်။ တကယ့်လက်တွေ့မှာ ဖြစ်မလာဘူး။ အဲဒီတော့ ကိုယ်မဟုတ်တာ လုပ်ရင် ကိုယ်ခံရတယ်။ ကိုယ်ကြိုးစားရင် ကိုယ်စံရတယ် ဆိုတာက လက်တွေ့ပြနိူင်တာတွေ အများကြီးရှိတယ်။


လက်တွေ့ကျတယ်

အရာရာဟာ ကိုယ့်အပေါ် မူတည်တယ်ဆိုတာ မှန်တယ်။ လက်တွေ့ကျတယ်။ ဒီအချက်က အလွန် ကျေနပ်စရာ ကောင်းတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေကြည့်။ ကိုယ်စာကျက်ရင် ကိုယ်ရတာ ပဲလေ။ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်စားရင် ကိုယ်ဝ တာလိုပဲပေါ့။ သူများစားတာကို ထိုင်ကြည့်နေရုံနဲ့ ကိုယ်မဝဘူး မဟုတ်လား။ တကယ့်လက်တွေ့က ကိုယ်လုပ်မှ ကိုယ်ရမှာပေါ့။

ဗုဒ္ဓတရားတော်ဟာ တကယ့်ကို လက်တွေ့ (practical) ကျတယ်၊ ကိုယ်လုပ်တာ ကိုယ်ခံရတယ် Practical) ဆိုတာကလည်း တကယ့်လက်တွေ့မှာ ဟုတ်တယ်။ ကိုယ်ကြိုးစားရင် ကိုယ်ဖြစ်တာပဲ။ မကြိုးစားရင် မဖြစ်ဘူး။ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက် ကောင်းကောင်း၊ IQ ဘယ်လောက် မြင့်မြင့်၊ မကြိုးစားဘူးဆိုရင် ဘာမှ ဖြစ်မလာဘူး။ ကြိုးစားပြီဆိုရင် လုံ့လ ဝီရိယ အကျိုးခံစားရမယ်။

အဲဒီကြားထဲမှာ ဘုရားသခင်က မ, တယ်ဆိုတာ ယုံနေတယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အချိန်တန် ဘုရား အားကိုးတာဆိုတော့ သူက ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစား စရာ ဘာမှမလိုဘူး။ ဘာလုပ်သင့်တယ်၊ ဘာ မလုပ်သင့် : (what should we done, what should not we done) ဆိုတာလည်း ခွဲခြားသိစရာ မလိုဘူး။ လုပ်သင့် မလုပ်သင့် စဉ်းစားနေစရာ မလိုဘူး။ လုပ်ချင်တာလုပ်။ လူရဲ့ ဉာဏ်ရည် ဉာဏ်သွေးဆိုတာလည်း ဘာမှတန်ဖိုးမရှိဘူး။ လူ့ရဲ့ လုံ့လဝီရိယ ဆိုတာလည်း ဘာမှတန်ဖိုးမရှိဘူး။ အဲဒါတွေကို အသိအမှတ်မပြုတဲ့ သဘောဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုရင် အရာရာ ဘုရားသခင် အလိုတော်ကျ ဖြစ်ရတာမို့ပဲ။ အဲဒီတော့ လက်တွေ့မှာ ဒါတွေအကုန် ဖြစ်နိုင်သလား။ 


ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق