တရားမျှတသော၊ ဥပဒေနှင့်ညီသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားမျှတသော၊ ဥပဒေနှင့်ညီသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်သောအဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲတွင် သတင်းမီဒီယာများအား သတင်းရယူခွင့်ပြုနိုင်ရေး၊ ယခင်ဆောင်ရွက်ခဲ့သည့် သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်ကို ပိုမိုပြည့်စုံစေရန် ညှိနှိုင်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်း များဆောင်ရွက်သွားရေး အပါအဝင် သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့အတူ လာမည့်အထွေထွေရွေးကောက်ပွဲ၌ ကော်မရှင်နှင့် သတင်းမီဒီယာ ရင်းရင်းနှီးနှီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ကော်မရှင်ဝန်ထမ်းများ၏ တာဝန် ထမ်းဆောင်မှုများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့် ပြောကြားလိုသည်များရှိပါက ကော်မရှင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင် သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှတစ်ဆင့် မေးမြန်းနိုင်သည်ကိုလည်း အသိပေးလိုကြောင်း၊ မီဒီယာများကို ရွေးကောက်ပွဲကာလ သုံးပိုင်းလုံး၌ စနစ်တကျသတင်းရယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ကော်မရှင်နှင့် သတင်းမီဒီယာကောင်စီတို့ညှိနှိုင်း၍ မီဒီယာလုပ်ငန်းလမ်းညွှန်ကို ထုတ်ပြန်ပေးရန် ဆန္ဒရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင်အနေဖြင့် နာမည်ပျက်ခဲ့ရပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ယင်းကဲ့သို့ မဖြစ်စေရပါကြောင်း၊ တရားမျှတသော၊ ဥပဒေနှင့်ညီသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများသည် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲများကျင်းပရာတွင် သတင်းမီဒီယာများ သတင်းရယူနိုင်ရေးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားကြပြီး ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


#News #MNP  

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)