ဖေဖော်ဝါရီ - ၁၅ ( စနေနေ့ )
လက်ရှိကမ္ဘာ့လုံခြုံရေးညီလာခံ ကျင်းပနေတဲ့ မြူးနစ်မြို့မှာ လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်တဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ ရဲတွေက ဝင်တိုက်တဲ့အသက် ၂၄ နှစ်အရွယ် အာဖဂန်သားက အစ္စလာမ္မစ်အစွန်းရောက်ဝါဒသမားဖြစ်မယ်လို့ ပြောထားပါတယ်။
အသေခံဗုံးခွဲမှုတစ်ခုက ကြာသပတေးနေ့ မှာ မြူးနစ်မှာ ဖြစ်ပွားခဲ့ပြီး သောကြာနေ့မှာ အခုဖြစ်တဲ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်တဲ့ကိစ္စ ဖြစ်ပွားခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရွေးကောက်ပွဲ ရှိနေတာဖြစ်လို့ ဂျာမဏီမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ အကြိတ်အနယ်လုပ်နေရပါတယ်။
သံသယရှိသူပိုင် အီလက်ထရွန်နစ် ကိရိယာများမှ သိမ်းဆည်းရမိသော အထောက်အထားများ ကိုကြည့်ပြီး ရဲတွေက တရားခံက အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့က ဖြစ်နေနိုင်တယ်လို့ ကနဦးဆုံးဖြတ်ချက်ချထားပါတယ်။
အခင်းဖြစ်ပွားပြီးနောက်တွင် သံသယရှိသူကို ရဲအရာရှိများကဖမ်းလိုက်ချိန်မှာ “Allahu Akbar” (ဘုရားသခင်သည် အကြီးမြတ်ဆုံး) ဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်တွင် စုစုပေါင်း လူ ၃၆ ဦး ဒဏ်ရာရခဲ့ ပြီး စိုးရိမ်ရသူ ၂ ဦးရှိပြီး တစ်ဦးမှာ ကလေးဖြစ်ကြောင်း ရဲတွေကဆိုပါတယ်။ နောက်ထပ် ဒဏ်ရာရသူ ရှစ်ဦးသည် ပြင်းထန်သော အခြေအနေတွင် ရှိနေပါတယ်။ တရားခံ ဖာဟဒ်အန် သည် ဂျာမနီတွင် တရားဝင် နေထိုင်ပြီး လုံခြုံရေးတာဝန်ထမ်းဆောင်သူဖြစ်ပါတယ်။ သူက ကျန်းမာကြံ့ခိုင်ရေးနှင့် ကိုယ်ကာယလေ့ကျင့်မှုတွင်လည်း အများအပြားပါဝင်ခဲ့တယ်လို့ ရဲတွေက သတင်းထောက်တွေကို ပြောပါတယ်။
REF: News 18
#News #MNP #International
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق