ကျိုက်မရောမြို့နယ်၌ ဒေါင်ဒင်းအင်းငါးဖမ်းပွဲတော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်မရောမြို့နယ်၌ ဒေါင်ဒင်းအင်းငါးဖမ်းပွဲတော်




ကျိုက်မရော၊ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အနယ်နယ်အရပ်ရပ်မှ ငါးဖမ်းပွဲတော်လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ကျင်ပမည့်ရက်အား မီဒီယာများမှတစ်ဆင့် ကြေငြာထားပြီးဖြစ်ရာ ပွဲတော်မကျင်းပမီတစ်ရက်မှစတင်ကာ ငါးဖမ်းဝါသနာပါသူများက အဆိုပါငါးဖမ်းပွဲတော် ကျင်းပမည့် အင်းအတွင်းသို့ ကြိုတင်ရောက်ရှိနေကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

ဒေါင်ဒင်းအင်းငါးဖမ်းပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်းတစ်ရက်၌ စည်ကားစွာကျင်းပခဲ့ရာ ယခုနှစ်၌ မော်လမြိုင်၊ မုဒုံမြို့များနှင့် ရွာနီးချုပ်စပ်မှ ငါးဖမ်းဝါသနာရှင်များ၊ အပျော်တမ်းငါးဖမ်းသူများက ရိုးရာမပျက် ပျော်ရွှင်စွာ ငါးဖမ်းငါးဖမ်းကြပြီး ဖမ်းယူရရှိသော ငါးများကိုပျော် ပျော်ပါးပါးစားသောက်ခြင်း၊ လက်ဆောင်ပေးခြင်းများ၊ အချင်းချင်းရင်းနှီးချစ်ခင်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် ကခုန်ပျော်ပါးကြခြင်းဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါအင်းအတွင်းမှ ငါးမျိုးစုံဖမ်းယူရရှိပြီး အဓိက ငါးပတ်၊ ငါးခူ၊ ငါးရံစသည့် ငါးများရှိပြီး ဖမ်းရလည်းလွယ်ကူသဖြင့် ငါးဖမ်းဝါသနာရှင်များက နှစ်စဥ်လာရောက်လေ့ရှိကြပြီး မွန်ပြည်နယ်အတွင်း ထင်ရှားသော ရိုးရာပွဲတော်တစ်ခုအနေဖြင့် အစဉ်အလာမပျက် ကျင်းပလေ့ရှိကြောင်း ရေပူကော့စပ်ရွာသားဖြစ်သူဦးစောမြထံမှ သိရသည်။


ချိုမြတ်မြတ်ထွေး

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)