မြူးနစ်လုံခြုံရေးညီလာခံ အပိတ်မှာ ဥက္ကဋ္ဌဖြစ်သူ မိန့်ခွန်းကို ငိုပြီး ပြောလိုက်ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြူးနစ်လုံခြုံရေးညီလာခံ အပိတ်မှာ ဥက္ကဋ္ဌဖြစ်သူ မိန့်ခွန်းကို ငိုပြီး ပြောလိုက်ရ






ဖေဖော်ဝါရီ - ၁၈ ( အင်္ဂါနေ့ ) 

စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ အမိန့်တွေကိုပဲ လိုအပ်ပါတယ် လို့ တနင်္ဂနွေက ပြုလုပ်ခဲ့တဲ့ မြူးနစ်လုံခြုံရေး ညီလာခံ ပိတ်ပွဲအခမ်းအနားမှာ ဥက္ကဋ္ဌ ဖြစ်သူကငိုကြွေးပြီး ပြောကြားခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံဆိုင်ရာ ဂျာမဏီ သံအမတ်ဟောင်း ခရစ္စတိုဖာဟူဂျန် က လုံခြုံရေး ညီလာခံ ဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်ပြီး နေတိုးအတွင်းရေးမှူးချုပ်ဟောင်း ဂျန်စတိုတန်ဘာဂ့်ကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ သူ့ရဲ့ နောက်ဆုံးမိန့်ခွန်းအဖြစ်နဲ့ “ကျနော်တို့ရဲ့ ဘုံတန်ဖိုး အခြေခံဆုံဖြတ်ချက်တွေက ဆက်လက်တည်ရှိဖို့ရာ မဖြစ်နိုင်တော့မှာကို စိုးရိမ်နေမိပါတယ်” လို့ ပြောသွားပါတယ်။ ဘာကြောင့် အဲ့လိုပြောရတာလဲဆိုတော့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က “အီးယူ နဲ့ ယူကေ ကနိုင်ငံရေးသမားတွေက ဒီနေ့အထိ ဆိုဗီယက်ခေတ်က ပုံစံအတိုင်းလုပ်နေတယ်။ တော်တော်ရုပ်ဆိုးပါတယ်။ လက်တွေ့ကျတဲ့ အကြောင်းအရာတွေ တစ်ခုမှ မပါဘဲ။ သတင်းမှားတွေ၊ မမှန်သတင်းတွေနဲ့ လုံးလည်ခြာလည်လိုက်နေတယ်။ ပြီးမှ အကျိုးစီးပွားဆိုပြီး စကားလုံးတွေနောက်မှာ ပုန်းကွယ်နေကြတယ်။ ခင်ဗျားတို့တတွေ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အမေရိကန်က ခင်ဗျားတို့ကို ဘာမှ လုပ်ပေးနိုင်တဲ့အရာမရှိဘူး” လို့  ဝေဖန်သွားပါတယ်။ 

ဟူဂျန်က “ကျနော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံထားတဲ့ နိုင်ငံတကာအမိန့်တွေက ဖိအားတွေ အောက်ကို ရောက်သွားပါပြီ။ ဖျက်ဆီးရတာ လွယ်လွယ်လေးပါ။ ပြန်လည်တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းသွားပါပြီ။ ဇီလန်စကီးက ကျနော်တို့ အနောက်တိုင်းလူနေမှုပုံစံကို ကာကွယ်ပေးသွားတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ” လို့ပြောသွားပါတယ်။ 

ဥရောပက အစုအဖွဲ့လုပ်ပြီး ရပ်တည်ဖို့ကို အားသန်တဲ့အတွက်ကြောင့် ဘုံသဘောတူညီချက်ဆိုင်ရာ စည်းမျဉ်း စဉ်းကမ်းတွေကို လေစားလိုက်နာမှု ရှိကြပါတယ်။ နိုင်ငံတကာ ဥပဒေလိုဆိုလိုက်တာနဲ့ သူတို့က တင်းတင်းကြပ်ကြပ် လိုက်နာဖို့ တိုက်တွန်းတယ်၊ အကောင်အထည်လည်းဖော်ကြပါတယ်။ လက်ရှိ ရုရှား - ယူကရိန်း ပဋိပက္ခမှာ သူတို့က ယူကရိန်းဘက်ကလိုက်ပြီး ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ အပြောင်းအလဲမှာ အမေရိကန်တွေက အမျိုးသားအကျိုးစီးပွားသက်သက် ကိုကြည့်ပြီး ဓမ္မ၊ အဓမ္မ ကို မခွဲတော့တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရလို့ ဟူဂျန်က မိန့်ခွန်းကို မျက်တွေကျ ငိုပြီးပြောသွားရတာပဲ ဖြစ်ပါတယ်။ 


REF: RT

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)