ချောင်းဆုံမြို့နယ်ရှိ ရဟန္တာသိမ်တော်ကြီးအား မူလလက်ရာမပျက် ပြန်လည်ပြုပြင်နိုင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံမြို့နယ်ရှိ ရဟန္တာသိမ်တော်ကြီးအား မူလလက်ရာမပျက် ပြန်လည်ပြုပြင်နိုင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကျင်းပ




ချောင်းဆုံ၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ချောင်းဆုံအရှေ့ရပ်ကွက်ရှိ ရဟန္တာသိမ်တော်ကြီးအား မူလလက်ရာမပျက် ပြန်လည်ပြုပြုင်နိုင်ရန်အတွက် မြို့နယ်သံဃာ့နာယက ဆရာတော်များထံမှ ဩဝါဒခံယူပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ၁၉-၂-၂၀၂၅ ရက်နေ့က ချောင်းဆုံအရှေ့ရပ်ကွက် ရဟန္တာ သိမ်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များ နာယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ရဟန္တာသိမ်တော်ကြီးအား ပြန်လည်ပြုပြင်ခြင်းနှင့် ပတ်သက်သည်များကို လျှောက်ထားခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များမှ ဩဝါဒကထာမြွက်ကြားပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများမှ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အဆိုပါ ရှေးဟောင်းရဟန္တာသိမ်တော်ကြီးအား ပြုပြင်နိုင်ရန်အတွက် ယနေ့အထိ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ဝေးရပ်နီးမှ အများဒါယကာ စုပေါင်းလှူဒါန်းမှုဖြင့် စုစုပေါင်းအလှူငွေ (၂၀၂၇၇၅၀၀) ကျပ်ရရှိထားပြီး မူလလက်ရာမပျက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)