ရုန်ကန်ပြီး တောက်ပြောင်နေပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုန်ကန်ပြီး တောက်ပြောင်နေပါစေ



ကိုယ့်မှာ မျှော်လင့်ချက်တစ်ခုရှိပြီဆိုရင် အဲ့မျှော်လင့်ချက်ကို ဘယ်တော့မှ လက်လျှော့လိုက်ပါနဲ့။ လူရယ်လို့ဖြစ်လာရင် လောကဓံ တရား ၈ပါး နဲ့ ရန်သူမျိုး၅ ပါးကို အမြဲရင်ဆိုင်နေရပါတယ်။ 

လောကဓံ ၈ ပါးဆိုတာ (၁)လာဘ်လာဘ ပေါများလာလို့ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်တွေဖြစ်ပြီး အောက်ခြေမေ့ပြီး လွတ်သွားတဲ့ဖြစ်စဉ်၊ ( ၂ ) လာဘ်လာဘ နည်းပါးလွန်းလို့ ကိုယ့်ကိုယ်ကို သိမ်ငယ်ပြီး စိတ်ဓာတ်တွေ ကျနေတဲ့ဖြစ်စဉ်၊ ( ၃ ) အခြံအရံတွေများလို ငါပြောတာအမှန်ပဲ ဆိုတဲ့ လွတ်သွားတဲ့ဖြစ်စဉ်၊ ( ၄ ) အခြံအရံတွေနည်းလွန်းလို့ ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်နေတယ်ဆိုပြီးစိတ်ဓာတ်ကျ အားငယ်တဲ့ဖြစ်စဉ်။ ( ၅ ) ချီးမွမ်းခံရလို့ မြှောက်နေတဲ့ ဖြစ်စဉ်၊ ( ၆ ) ကဲ့ရဲ့ခံရလို့ စိတ်ဓာတ်ကျနေတဲ့ ဖြစ်စဉ် ၊ ( ၇ ) ချမ်းသာလာလို့ ဘဝင်မြင့်နေတဲ့ ဖြစ်စဉ် နဲ့  ( ၈ ) ဆင်းရဲသွားလို စိတ်ဓာတ်ကျ အားငယ်သွားတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ 

ရန်သူမျိုး ( ၅ ) ပါးကတော့ ရေ၊ မီး၊ မင်း၊ ခိုးသူနဲ့ အမွေခံဆိုးတွေပဲ ဖြစ်ပါတယ်။ 

လူ့လောကကြီးထဲမှာကျင်လည်တဲ့ လူတွေအနေနဲ့ ရှောင်လွှဲမရတဲ့ အဲ့ဒိကိစ္စတွေကို ကြုံလာတဲ့အခါမှာ ထွက်ပေါက်အနေနဲ့ မျှော်လင့်ချက်ဆိုတာ ရှိလာတတ်ပါတယ်။ အဲ့ဒိမျှော်လင့်ချက်ကလေးများ ရှာတွေ့လာခဲ့ပြီ ဆိုရင် လက်မလျှော့လိုက်ပဲ မြဲမြဲ ကိုင်ထားသင့်တယ်လို ဆိုတာပါ။ 

အောင်မြင်မှုကို ရှာဖွေတဲ့ နေရာမှာ ကိုယ့်ရဲ့ အောင်မြင်လိုတဲ့ စိတ်ကို ဘယ်အရာကမှ တားဆီးလိုမရပါဘူး။ ပတ်ဝန်းကျင်ကြမ်းရင် ခပ်တင်းတင်းတုံ့ပြန်ရပါတယ်။ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး လိုက်လျောညီထွေစွာ တုံပြန်ရတာက ပညာပါ။ အစွန်းတရားတွေဖြစ်တဲ့ ဇိမ်ခံခြင်းနဲ့ အဆင်းရဲခံခြင်းကြားမှာ လွတ်အောင်နေတတ်တာကို ပညာရှိတဲ့ အလယ်အလတ်လမ်းစဉ်လို့ ခေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်မှုကို ရှာနေရာမှာ စိတ်ရှည်သည်းခံတတ်တာက အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ 

လူတိုင်းလူတိုင်းမှာ ထူးခြားတဲ့ ပါရမီတစ်ခုခုပါလာတတ်ပါတယ်။ အဲ့ဒါကို အနောက်တိုင်းအယူအဆအရတော့ ဘုရားပေးတဲ့ လက်ဆောင်လိုခေါ်ပါတယ်။ မင်းက ငါဖြစ်စရာ မလိုသလို ငါကည်း မင်း ဖြစ်စရာ မလိုပါဘူး။ မတူကွဲပြာတာကိုက လူ့လောကကြီးကို တည်ဆောက်ထားတဲ့ အခရာပဲ ဖြစ်ပါတယ်။ အဲ့တော့ ကိုယ့်ကိုယ်ကိုရှာဖွေပါ။ တွေ့ပြီဆိုတာနဲ့ ၊ ရဲရဲသာရှေ့ဆက်တိုးလိုက်ပါ။ မင်းထင်ထားတဲ့ ကံကောင်းခြင်းတွေက မင်းဆီကိုရောက်လာပါလိမ့်မယ်။ ဘဝဆိုတာ ရုန်းကန်ရတယ်၊ အဲ့တော့ ရုန်းကန်ပြီး တောက်ပြောင်နေပါစေလို့ ဆုတောင်းလိုက်ပါတယ်။


မောင်ယဿ

#News #MNP #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)