Pages

Pages

သုံးခွမြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်


သုံးခွ၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နေရပ်စွန့်ခွာပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူ ၅၈ ဦးရှိပြီး ယနေ့ ၂၉ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့်ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ်တွင် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူလင်း 

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق