မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ဒေသအသီးသီးမှ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောင်ပံ့ငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ဒေသအသီးသီးမှ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောင်ပံ့ငွေများ ပေးအပ်





မန္တလေး၊ ဖေဖော်ဝါရီ ၁၆

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့်အတွက် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တိုင်းဒေသကြီးအတွင်း ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များကြောင့် ကာကွယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများ၏စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၁၀)ခရိုင်၊ မြို့နယ် (၂၄)မြို့နယ်တို့ရှိ မြို့နယ်အချို့၌ ယာယီနေရပ်စွန့်ခွာနေရသူများအတွက် တစ်ဦးလျှင်ငွေ (၂၀,၀၀၀) ကျပ်နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ပေးအပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုပေးအပ်သည့် အခမ်းအနားတွင် မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်များအတွင်း ယာယီနေရပ်စွန့်ခွာသူများအတွက် စုစုပေါင်းငွေကျပ် (၂၈၉.၉) သန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်း ကျန်ရှိခရိုင်များသို့လည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချိုု့တွင် ယာယီနေရပ်စွန့်ခွာနေပြည်သူများအတွက် ကိုယ်စားလှယ်များထံသို့ ငွေများ ပေးအပ်ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက် အားပေးစကားများ ပြောကြားပြီးနောက် ငွေများ ထုတ်ပေးနေမှုများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)