ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်အားပေး


ဟင်္သာတ၊ ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ဟင်္သာတတက္ကသိုလ်၊ ဘွဲနှင်းသဘင်ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ကျောင်းသား/သူများက “ကျောင်းတော်မဟာပညာရွာ” သီချင်းဖြင့်လည်းကောင်း၊ “မြကျွန်းညိုညို”သီချင်းဖြင့်လည်းကောင်း၊ “ရွှေသုန္ဒရီ”သီချင်းဖြင့် လည်းကောင်း သီဆိုကပြ ဧည့်ခံဖျော်ဖြေခဲ့ကြပြီး နောက်ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမော က္ခချုပ်ဒေါက်တာသိင်္ဂီရွှေမှ သစ်လွင်မောင်မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သော ပြည်ထောင်စုနေ့အထိမ်းအမှတ် ဒေသခံပြည်သူများအား  အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနေမှု အခြေ အနေများအားလိုက်လံ ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်ရှိ “နိုင်”ဆီစက်သို့ရောက်ရှိခဲ့ပြီး ဆီထုတ်လုပ်ရောင်းချနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ပဲပုပ်အမျိုးအစား ပဲမှ ဆီထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)