ဂါဇာက ကလေးတွေကို ဆေးကုဖို့ အီဂျစ် ထဲကို ဝင်ခွင့်ပြုလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာက ကလေးတွေကို ဆေးကုဖို့ အီဂျစ် ထဲကို ဝင်ခွင့်ပြုလိုက်ပြီ


ဖေဖော်ဝါရီ - ၁ ( စနေနေ့ ) 

အီဂျစ်နိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ဂါဇာရဲ့တောင်ဘက်အစွန်ဆုံး ရာဖာမြို့မှာရှိတဲ့ မကျန်းမမာဖြစ်ပြီး ထိခိုက်ဒဏ်ရာ လဘရထားတဲ့ ပါလက်စတိုင်း ကလေး ၅၀ ကျော်ကို ဆေးကုသဖို့အတွက် အီဂျစ်ဘက်က နယ်စပ်ဂိတ်ပေါက်ကို ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ အီဂျစ်နိုင်ငံရဲ့ ရုပ်သံမှာ လူနာတင်ကားများစွာက ဂိတ်ပေါက်ကနေ တစ်ဆင့် အီဂျစ်နိုင်ငံထဲကို ဝင်လာတာကို ပြသခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၉လ လောက်ကတည်းက ပိတ်ထားခဲ့တဲ့ နယ်စပ်ဂိတ်ပေါက်ကို ပထမဆုံး ဖွင့်လိုက်တာပဲ ဖြစ်ပါတယ်။ ဂါဇာက ပါလိက်စတိုင်းကျန်းမာရေး ဝန်ကြီးဌာရဲ့ အဆိုအရ လောလောဆယ် အရေးပေါ်ကုသဖို့လိုတဲ့ လူနာ ၁၂၀၀၀ ကျော်ရှိနေပြီး ပထမအဆင့်အနေနဲ့ ၆ ထောင်လောက်ကို ဆွဲထုတ်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ ဂါဇာမှာက လူနာတွေကို ကုသဖို့ရာ ဆေးရုံ ၊ ဆေးခန်းမရှိသလောက်အောင်ကို ဖြစ်သွားတဲ့အတွက် အီဂျစ်နိုင်ငံဖက်ကို ကူးပြီး ကုရမှာပဲ ဖြစ်ပါတယ်။ 

ဂါဇာကျန်းမာရေးဝန်ကြီး မိုဟာမက်ဇာကောက်ကတော့ “ ကျနော်တို့ လုပ်နိုင်သလောက်လုပ်နေပါတယ်။ ဒါပေမဲ့ လူနာတွေက အများကြီးဖြစ်နေတော့ မလုံလောက်မှုတွေ တိုးပြီး တိုးလာနေပါတယ်။ အခုကလေးတွေကို ဦးစားပေးပြီး ဆွဲထုတ်နေပါတယ်။ အရေအတွက်များများ ဆွဲထုတ်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ” လို့ ဆိုသွား ပါတယ်။ အဲ့ဒိနယ်စပ်ဂိတ်ကို အစ္စရေး စစ်တပ်ကရော ၊ အီဂျစ်စစ်တပ်ဘက်ကပါ ညှပ်ပြီး ပိတ်ထားတာပါ။ 


REF - Hindustan Times

#MNP #News #International #Gaza

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)