ထိုင်းမှာ အဏုမြူစွမ်းအင်ထုတ်ဖို့ လုပ်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းမှာ အဏုမြူစွမ်းအင်ထုတ်ဖို့ လုပ်နေပြီ


ဖေဖော်ဝါရီ - ၃ ( တနင်္လာနေ့ ) 

ယနေ့ကမ္ဘာက အေအိုင် ( ဉာဏ်ရည်တု ) အပြင် အိုင်တီနည်းပညာတွေ တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့အတွက် စွမ်းအင်သုံးစွဲမှုကလည်း တဖြည်းဖြည်း မြင့်မားလာပါတယ်။ အဲ့ဒိလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက် သဘာဝကနေထုတ်ယူတဲ့ စွမ်းအင်တွေနဲ့ မလုံလောက်တော့ဘဲ နျူးကလိယစွမ်းအင်က စွမ်အင်ထုတ်လုပ်မှုအတွက် အရေးကြီး တဲ့ အစိတ်အပိုင်းကနေ ပါဝင်လာပါတယ်။ 

ထိုင်းနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုဖြစ်တဲ့ ချာရီအွန် ပိုကာပန် အုပ်စုရဲ့ အကြီးတန်းဥက္ကဋ္ဌ ဒါနင် ချီရာဗန်နွန် က ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်တက္ကသိုလ်၌ ဒီကနေ့ ကျင်းပသည့် "Chula Thailand Presidents Summit 2025" တွင် “အေအိုင် နှင့် နည်းပညာဖြင့် မောင်းနှင်သော နေ့စဉ်လူနေမှုဘဝသည် လျှပ်စစ်ဓာတ်အား လိုအပ်သောကြောင့် သန့်ရှင်းသော စွမ်းအင်လုပ်ငန်းကို ခေတ်မီအောင် လုပ်ဆောင်သင့်တယ်” လို့ ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ 

နေရောင်ခြည်၊ လေနှင့် ရေအားလျှပ်စစ်တို့ ရဲ့ ထုတ်လုပ်မှုက မလုံလောက်ကြောင်း သတိပြုမိပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းသည် နျူးကလီးယားစွမ်းအင်ကို အာရုံစိုက်နေကြောင်းနဲ့ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ကလည်း  နျူးကလီးယားစွမ်းအင်ထုတ်လုပ်မှုကို ကြီးကြပ်ရန် ဥပဒေများ ချမှတ်ထားပေမဲ့ ထိုင်းကမူ မပေးနိုင်သေးကြောင်း ၎င်းက ထောက်ပြသွားပါတယ်။ 

ပထဝီဝင်နိုင်ငံရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတို့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားမှ ထိုင်းစီးပွားရေးသည် ကြီးထွားလာရန် အလားအလာရှိနေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ခရီးသွားလာရေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် သွားလာရေးအဆင်ပြေစေရန်အတွက် အချက်အချာကျ သောနေရာ ဖြစ်ခြင်းကြောင့် အကျပ်အတည်းများကြားတွင် အခွင့်အလမ်းများရှိကြောင်း ၎င်းကဆိုသွားပါတယ်။

ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ နျူးကလိယားစွမ်းအင် ထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်းတွေကို အားရုံစိုက်ပြီး လုပ်ဖို့လိုလာကြောင်း တိုက်တွန်းတဲ့အပြင် အစိုးရအတွက် သူ့ရဲ့ လုပ်ငန်းစုကနေ လိုအပ်တဲ့ အရာတွေကို ပံ့ပိုးကူညီပေးသွားမယ်လို့ ဆိုသွားပါတယ်။   


REF: The Nation

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)