ဆွီဒင်နိုင်ငံမှာ စာသင်ကျောင်းကို သေနတ်နဲ့ ဝင်ပစ်လို့ ၁၀ ဦးထက်မနည်းသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွီဒင်နိုင်ငံမှာ စာသင်ကျောင်းကို သေနတ်နဲ့ ဝင်ပစ်လို့ ၁၀ ဦးထက်မနည်းသေဆုံး


ဖေဖော်ဝါရီ - ၅ ( ဗုဒ္ဓဟူးနေ့ ) 

ဆွီဒင်ဒေသခံရဲတွေရဲ့ အဆိုအရ သက်ကြီးပညာရေး စင်တာတစ်ခုကို သေနတ်သမားတွေက အစုလိုက်အပြုံလိုက် ပစ်သတ်မှု လုပ်တာကြောင့် အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးကြောင်း သိရပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် ကတော့ အဲ့ဒိပစ်ခတ်မှုက နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး ပစ်ခတ်မှုဖြစ်တယ်လို့ ဆိုသွားပါတယ်။ 

ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နေ့လည် ၁၂း၃၃ နာရီ (၁၁း၃၃ GMT) တွင် အော်ရီဘရို မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ကနဦးတွင် အနည်းဆုံး လူငါးဦး ပစ်သတ်ခံရကြောင်း သတင်းပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ထိခိုက်သေဆုံးမှု အရေအတွက် တိုးလာခဲ့ပါတယ်။  လူသတ်မှု၊ မီးရှို့မှုနှင့် ပြင်းထန်သော လက်နက်ပြစ်မှုများနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှု စတင်နေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ 

“ကျူးလွန်သူအကြောင်း နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးဖို့က စောလွန်းပါသေးတယ်” လို့ ဒေသခံရဲချုပ် ရောဘတ်တို အီးဒ်ဖောရက်စ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ “စစ်ဆင်ရေးက ဆက်လက်လုပ်ဆောင်နေပြီး နောက်ထပ် အချက်အလက်တွေ ပေါ်လာမှာ သေချာပါတယ်” လို့ ဆိုပါတယ်။  နောက်ထပ် ဆေးရုံတင်ထားရသူဦးရေ ခြောက်ဦးအထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့ပြီး  ၎င်းတို့အနက် ၅ ဦးမှာ သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ခွဲစိတ်ကုသမှု ခံယူနေရပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါတယ်။ 

သတင်းများအရ ပြစ်မှုကျူးလွန်သူသည် ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသွားသူများထဲတွင် ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ ပစ်ခတ်မှုကို သေနတ်သမားတစ်ဦးတည်း လုပ်ဆောင်ခဲ့ပြီး ယခင်က ပြစ်မှုမှတ်တမ်း သို့မဟုတ် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း အာဏာပိုင်များက ဆိုပါတယ်။ သေနတ်သမားသည် အသက် ၃၅ နှစ်ဝန်းကျင်ခန့်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ပြည်တွင်းရုပ်သံဌာန SVT က ဖော်ပြခဲ့ပါတယ်။


REF - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)