ရေဖြူ၌ ရော်ဘာပြားဈေး ပထမရာသီနားချိန်တွင် တစ်ပေါင် ၂၉၀၀ ကျပ်ဈေးအထိ ဈေးကောင်းရရှိလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူ၌ ရော်ဘာပြားဈေး ပထမရာသီနားချိန်တွင် တစ်ပေါင် ၂၉၀၀ ကျပ်ဈေးအထိ ဈေးကောင်းရရှိလာ




ရေဖြူ၊ ဖေဖော်ဝါရီ  ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာအစေးလှီးသည့်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ရော်ဘာဈေးမှာ ပထမရာသီနားပြီးချိန်တွင် တစ်ပေါင်လျှင် ၂၉၀၀ ကျပ်အထိ ရရှိကြောင်း သိရသည်။

မနှစ်ကပထမ ရာသီပိတ်ချိန်ဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ရော်ဘာဈေးမှာ တစ်ပေါင် ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေးရရှိခဲ့ပြီး ယခုပထမရာသီနားချိန်တွင် ရော်ဘာတစ်ပေါင် ဈေးနှုန်းမှာ ၂၉၀၀ ကျပ်အထိ သိသိသာသာ နှစ်ဆမြင့်တက်ခဲ့သည်။

ယခု ရရှိနေသော ဈေးနှုန်းမှာ ယခင်နှစ်များအတွင်း အမြင့်ဆုံးဈေးဖြစ်ကြောင်း သိရသည်။" ပထမရာသီမှာ အအေးဓာတ်ရရှိနေတာရယ်၊  အစေးလှီးလုပ်သား ရှားပါးလာတာရယ်ကြောင့် အချို့ခြံတွေ ရပ်နားပြီး ရော်ဘာလိုအပ်ချက်များတာရယ်ကြောင့် ဈေးကောင်းခြင်းဖြစ်ကြောင်း ခြံပိုင်ရှင်တစ်ဦးထံက သိရသည်။

အထွက်နည်းပေမယ့် ဈေးကောင်းတာကြောင့် မိသားစုဝင်ငွေထိခိုက်မှု မရှိကြောင်းလည်း သိရသည်။ ရေဖြူမြို့နယ်တွင် နှစ်ရှည်သီးနှံပင်များအနက် ရော်ဘာကို အဓိကထား အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် လုပ်ကိုင်ကြပြီး ဈေးနှုန်း‌ကောင်းသောကြောင့် ​ဝင်ငွေပိုရကြကြောင်းလည်း သိရသည်။


ခတ္တာ

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)