ထိုင်ဝမ်က လူလိမ်များတဲ့ အရှေ့တောင်အာရှကို ခရီးသွားမယ်ဆိုရင် သတိထားဖို့ ထုတ်ပြန်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်ဝမ်က လူလိမ်များတဲ့ အရှေ့တောင်အာရှကို ခရီးသွားမယ်ဆိုရင် သတိထားဖို့ ထုတ်ပြန်ထား


ဖေဖော်ဝါရီ - ၁၈ ( အင်္ဂါနေ့ ) 

ထိုင်ဝမ်ပြည်ထဲရေး ဝန်ကြီးဌာနသည် ခရီးသွားတွေကို လိမ်လည်လှည့်ဖြားမှုအများဆုံး ပြုလုပ်တဲ့ အရှေ့တောင်အာရှ ၅နိုင်ငံ စာရင်းကို ထုတ်ပြန်ပြီး ခရီးသွားတွေအနေနဲ့ အဲ့ဒိနိုင်ငံတွေကိုသွားမယ်ဆိုရင် သတိထားဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

သောကြာနေ့က ထိုင်ဝမ်သတင်းထုတ်ပြန်ချက်အရ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများ သို့ ခရီးသွားတဲ့ ခရီးသွားတွေရဲ့ လေယာဉ်လက်မှတ်များတွင် သတိပေးချက်ကို တွေ့မြင်ရမှာ ဖြစ်ပြီး ခရီးသွား ဘေးကင်းရေး အက်ပ်လီကေးရှင်းကို ဒေါင်းလုဒ်လုပ်ရန် အကြံပြုထားကြောင်း သိရပါတယ်။ 

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ထိုင်ဝမ်ကခရီးသွားတွေဟာ ကမ္ဘောဒီးယား ဒါမှမဟုတ် မြန်မာနိုင်ငံမှာရှိတဲ့  လိမ်လည်လှည့်စားဂိုဏ်းတွေအတွက် အလုပ်လုပ်ဖို့ လှည့်ဖြားခံရတဲ့ ဖြစ်ရပ်တွေ အများအပြားရှိခဲ့ပါတယ်” လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့က ထိုင်ဝမ်နိုင်ငံသား ခုနစ်ဦး အပါအဝင် နိုင်ငံခြားသား ၂၆၀ ဦးကို ၎င်းတို့အိမ်မပြန်မီတွင် တွေ့ဆုံစစ်ဆေးမှု လုပ်ခဲ့ရာမှာတော့ လိမ်လည်သည့်စင်တာများမှ လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။ "အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီနှင့် လေကြောင်းရဲဗျူရိုတို့သည် လိမ်လည်လှည့်ဖြားမှုများတွင် ပါဝင်ရန် နိုင်ငံရပ်ခြားသို့ ပျံသန်းလာသည့် ထိုင်ဝမ်ခရီးသွားများကို တားဆီးရန်အတွက် လေဆိပ်များတွင် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

လေကြောင်းလိုင်းများသည် ၎င်းတို့၏ အီလက်ထရွန်နစ် လက်မှတ်များတွင် သတိပေးချက်များကို ရိုက်နှိပ်ခြင်းဖြင့် ကမ်ပိန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုမှာဖြစ်ပြီး  ခရီးသွားများအတွက် ၂၀၂၂  ခုနှစ်ကတည်းက စတင်အသုံးပြုလို့ရတဲ့  ထိုင်ဝမ်နိုင်ငံခြားရေးဌာနထံမှ ခရီးသွားဘေးကင်းရေး လမ်းညွှန်အက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ရန် အကြံဉာဏ်များပေးထားပါတယ်။ လိမ်လည်ရေး စင်တာများက ထိုင်းနိုင်ငံမှာ အများဆုံး ရှိတယ်လို့ ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီးဌာနက ဆိုထားပါတယ်။ 


REF: The Nation

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)