လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟုသာသုံးစွဲရန် မေတ္တာရပ်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟုသာသုံးစွဲရန် မေတ္တာရပ်ခံ



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာပေါ်ရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ကမ္ဘာ့အမွေအနှစ်စာရင်း( World Heritage List )နှင့် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (The Representative List of Intangible Cultural Heritage of Humanity) ဟူ၍ ယဉ်ကျေးမှု အမွေအနှစ်များကို စာရင်းသွင်းသတ်မှတ်ခြင်းအား နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံက ပျူမြို့ဟောင်း(၃)မြို့သည် ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပုဂံမြို့ဟောင်းသည် ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ်စာရင်း(World Heritage List )သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် မြန်မာတိုင်းရင်းသားလူထုတစ်ရပ်လုံး၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ၂၀၂၄ ခုနှစ်တွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (The Representative List of Intangible Cultural Heritage of Humanity)သို့ဝင်ရောက်ခဲ့သည်။

ယခုအခါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရန်ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ယခုအခါ အချို့သောမီဒီယာများ၌ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟုလည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဟုလည်းကောင်း မှားယွင်းစွာအသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။ 

ထို့ကြောင့် အများပြည်သူနှင့် မီဒီယာများအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို မည်သည့်လူမှုကွန်ရက်တွင်မဆို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်(သို့မဟုတ်) ကမ္ဘာ့အမွေအနှစ်ဟုမှားယွင်းသုံးစွဲမှုမပြုရန်နှင့် “လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်” ဟုသာ သုံးစွဲကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)