ပေါင်မြို့နယ်၌( ၇၈ ) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌( ၇၈ ) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ






ပေါင်၊ ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ( ၇၈ )နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို  ကဒါရပ်ကွက်၊ကမ္ဘာအေးစေတီဘုရား၌ ယနေ့နံနက်(၇ )နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (၇၈)နှစ်မြောက် မွန်အမျိုးသားနေ့အလံလွှ့င်ထူပြီးတာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မွန်အမျိုးသား နိုင်မျိုးမြင့်က  မွန်အမျိုးသားတို့သည် စည်းလုံးညီညွှတ်မှုရှိခြင်း၊ ဇာတိသွေး၊ဇာတိမာန်ရှိ‌သောလူမျိုးဖြစ်ခြင်း၊ မွန်အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပနိုင်အောင် ကူညီဆောင်ရွက်ပေးကြသည့်အတွက် ဂုဏ်ယူပါကြောင်းအမှာစကား ပြောကြားသည်။

ထိုနောက် ကဒါရပ်ကွက်(၇၈)နှစ်မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ် ကျင်းပနိုင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ဝင်းနိုင်က မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းရင်း တိုင်းရင်းသားညီအစ်ကိုများနှင့်လည်းစည်းလုံးညီညွတ်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန်နှင့် မွန်အမျိုးသားများ စာပေနှင့်ယဉ်ကျေးမှုများ မ ပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ နိုင်ဆန်းထွန်းကလည်း မွန်ရာဇဝင်အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် မိထက်ရူပါဦးကလည်း မွန်စာပေယဉ်ကျေးမှုအကြောင်းနှင့် မွန်အမျိုးသားနေ့နှင့် ပတ်သက်သည့်မြေစိုက်ပိုစတာများ စိုက်ထူးရခြင်း၏ ရည်ရွယ်ချက်များအား ချပြရှင်းလင်းခဲ့သည်။

နေ့လယ်ပိုင်းတွင် သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ခြင်း၊ ညနေပိုင်း၌ ပုံပြင်၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအပြင်  မွန်အကပဒေသာများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်‌သည်။

(၇၈)နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပခြင်းဖြင့်  မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ‌ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မွန်မလေး

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)