လူအများစုကို သေစေတဲ့ လက်နက်တပ်ဆင်မှုနည်းပညာတွေကို ဂူးဂဲလ်မှာ ရှာလို့ရနိုင်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူအများစုကို သေစေတဲ့ လက်နက်တပ်ဆင်မှုနည်းပညာတွေကို ဂူးဂဲလ်မှာ ရှာလို့ရနိုင်ပြီ


ဖေဖော်ဝါရီ - ၆ ( ကြာသပတေးနေ့ ) 

Google သည် လက်နက်နှင့် ထောက်လှမ်းရေးကိရိယာများ တီထွင်ထုတ်လုပ်ရန်အတွက် နည်းပညာ အသုံးပြုမှုဆိုင်ရာ အစောပိုင်းကန့်သတ်ချက်များကို ဖယ်ရှားကာ ၎င်း၏ဉာဏ်ရည်တု ( အေအိုင်) မူများကို သိသိသာသာ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ 

အဲ့ဒိအဆင့်မြှင်တင်မှုကို အင်္ဂါနေ့တွင် ကြေညာခဲ့ပြီး  “အလုံးစုံ ထိခိုက်မှု”ကို ဖြစ်စေနိုင်တဲ့ အက်ပ်လီကေးရှင်းများကို ဆန့်ကျင်တယ်ဆိုတဲ့ ကုမ္ပဏီ၏ ယခင်ရပ်တည်ချက်ကို ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ 

၂၀၁၈ လောက်တုန်းက ဂူးဂဲလ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များနဲ့ ပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်ခံရပြီးနောက်မှာတော့ ကုမ္ပဏီက ၎င်းရဲ့ အေအိုင်ပိုင်း ဆိုင်ရာကိစ္စရပ်တွေကို မူတစ်ခုချမှတ် လိုက်ပါတယ်။ မူရင်းလမ်းညွှန်ချက်တွေမှာတော့ လူများကိုထိခိုက်ဒဏ်ရာရစေတဲ့ လက်နက်ထုပ်လုပ်မှုပိုင်းဆိုင်ရာနည်းပညာတွေကို ဝေမျှသွားမှာ ( သို့ ) ဒီဇိုင်းရေထည့်ထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများကို ချိုးဖောက်ပြီး ထောက်လှမ်းရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်သွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။

အခုတော့ ဂူဂဲလ်က အဲ့ဒိမူတွေကို ချိုးဖျက်လိုက်ပါပြီ ။ ဂူးဂဲလ် စီအီးအို ဒီမစ် ဟတ်စာဘီ နဲ့ နည်းပညာနှင့် လူ့အဖွဲ့အစည်းအတွက် အကြီးတန်းအမှုဆောင်အရာရှိ ဂျိမ်း မန်ရီကာ တိုက အေအိုင် အသုံးပြုမှုနှင့် ပတ်သက်၍ နည်းပညာကုမ္ပဏီကြီးရဲ့ “အဓိက ငှားရမ်းသုံးစွဲသူများ” စာရင်းအသစ်ကို ချပြလိုက်ပြီး ၎င်းတို့တွင် ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အာရုံစိုက်ခြင်းနှင့် "လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများကို လေးစားမှုကဲ့သို့သော အဓိကတန်ဖိုးများဖြစ်သည့် ဒီမိုကရေစီနိုင်ငံများက အေအိုင် ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်သင့်တယ်" လို့ ထုတ်ပြန်လိုက်ပါတယ်။ 

ဂူဂဲလ်ရဲ့ ကျင့်ဝတ်ဆိုင်ရာ AI အဖွဲ့ကို ပူးတွဲဦးဆောင်ခဲ့ဖူးသော မာဂရက်မစ်ချယ်က 'အန္တရာယ်' ဆိုတဲ့ စကားစုကို ဖယ်ရှားလိုက်ခြင်းက ယခုအခါ ကုမ္ပဏီသည် "လူများကို သေစေနိုင်သော နည်းပညာကို တိုက်ရိုက်အသုံးချခြင်း" ဆိုတဲ့ သဘောသက်ရောက်သွားတယ် လို့ ဆိုသွားပါတယ်။ 

ဝါရှင်တန်ပို့စ်သတင်းဌာနအဆိုအရ ဂူဂဲလ်က ဂါဇာစစ်ပွဲ အစောပိုင်း ရက်သတ္တပတ်များကတည်းက အစ္စရေးစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး ဉာဏ်ရည်တု ဝန်ဆောင်မှုများပေးရန် အမေဇုံကုမ္ပဏီနဲ့ ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ အောက်တိုဘာလထဲမှာ အစ္စရေးနိုင်ငံကို ဟားမတ်စ်တိုက်ခိုက်မှုအပြီး မကြာမီတွင် ဂူဂဲလ်ရဲ့ cloud ဌာနခွဲက အတွင်းပိုင်းအချက်အလက်တွေကိုကြည့်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များကို ဝင်ရောက်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ 


REF - RT        

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)