ဂျပန်ကုမ္ပဏီ ၄၅ဝ ကျော်က မြန်မာလုပ်သား ၁၅ဝဝ ခန့်ခေါ်ယူမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်ကုမ္ပဏီ ၄၅ဝ ကျော်က မြန်မာလုပ်သား ၁၅ဝဝ ခန့်ခေါ်ယူမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာ လုပ်သား ၁၅၀၀ ခန့် ခေါ်ယူမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံး ၏ အလုပ်ကမ်းလှမ်းစာ ထုတ်ပြန်ထား သည့်စာရင်းများအရ သိရသည်။

သံရုံး၏ထုတ်ပြန်ချက်၌ မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ဖော်ပြထားသည်။ 

မြန်မာသံရုံးအနေဖြင့် Demand Letter များကို ပြန်ကြားစာလက်ခံရရှိသည့်ရက်စွဲအလိုက် အစဉ် ဂျပန်ကုမ္ပဏီများထံမှ အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီး ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၅၉ ခုနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ထားကြောင်းပါရှိသည်။ အဆိုပါစာရင်းအရ ဂျပန် ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား အမျိုးသား ၃၁၀ ကျော်၊ အမျိုးသမီး ၁၁၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် ထုတ်ပြန်ချက်တွင်လည်း ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်မှ မြန်မာလုပ်သား အမျိုးသား ၂၀၀ ကျော်နှင့် အမျိုးသမီး ၇၃၀ ကျော် စုစုပေါင်း ၉၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။ 


မေသက်

#News #MNP #Japan_Job

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)