တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်







ထားဝယ်၊ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဒုတိယအကြိမ်မြောက် ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲသည် ဌာနဆိုင်ရာအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ ဝန်ထမ်းများအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုရရှိပြီးအလုပ်ခွင်တွင်တက်ကြွစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အလားအလာရှိသော ဖူဆယ်ဘောလုံးသမားများထွက်ပေါ်လာရေးနှင့် ဖူဆယ်ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ်၍ကျင်းပ သည့်ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် အနိုင်/အရှုံး တစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်သည်မျိုးမဟုတ်ဘဲ မိမိဌာန၏ဂုဏ်၊ တိုင်းဒေသကြီး၏ဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သောအားကစားသမားကောင်းများ ပေါ်ထွက်ရေးနှင့် သတ္တိရှိမှု၊ သည်း ခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကို ရိုသေလိုက်နာတတ်မှု စသည့်အခြေခံကောင်းများကို အစွမ်းကုန်ဖော်ထုတ် ပြသရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲကနေအရည်အချင်း ရှိသည့် ဖူဆယ်ဘောလုံးအားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်သောကြောင့် ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံအရှုံးမပေးသော အားကစားစိတ်ဓါတ်  အပြည့်အဝဖြင့်  ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာ အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင်များကြည့်ရှုအားပေးရာ နှစ်ဖက်အသင်း (၁)ဂိုး ( ၁) ဂိုးဖြင့် သရေရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၈) သင်းဖြင့် ဖေဖော် ဝါရီ (၁၄)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)