ကနေဒါနဲ့ အမေရိကန် လေ နဲ့ စပြီး စစ်တိုက်နေကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကနေဒါနဲ့ အမေရိကန် လေ နဲ့ စပြီး စစ်တိုက်နေကြပြီ


ဖေဖော်ဝါရီ - ၂ ( တနင်္ဂနွေနေ့)

မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်ပွဲမှာ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးက အမေရိကန်တွေရဲ့ ကုန်သွယ်ရေး ကန့်သတ်မှုတွေကို မကြောက်ကြောင်းနဲ့ ကနေဒါက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်။ အမေရိကန်တွေရဲ့ ပုတ်ခတ်မှုတွေကို ကာကွယ်သွားမယ်လို့ အတိလင်းကြေညာပြီး လေ တိုက်ပွဲကို စတင်လိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံအနေနဲ့ အမေရိကန်မရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ အမေရိကန်ကို မှီနေရတဲ့အတွက် အမေရိကန်ရဲ့ ပြည်နယ်တစ်ခုပဲ ဖြစ်သင့်တယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောကြားလိုက်တဲ့အပေါ် ထရူးဒူးက တုံ့ပြန်လိုက်တာပါ။ 

အဲ့ဒါအပြင် မနေ့က အမေရိကန်ဘက်ကနေ ကနေဒါရဲ့ သွင်းကုန်တွေအပေါ် ၂၅% ကုန်သွယ်ခွန် စည်းကြပ်လိုက် တာကြောင့်လည်းပါပါတယ်။ "ဒီညကနေစပြီးတော့ ကန်ဒေါ်လာ ၁၅၅ ဘီလီယံတန်ဖိုးရှိတဲ့ အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် ကုန်သွယ်မှုခွန် ၂၅% ပြန်ကောက်ပြီး တုံ့ပြန်မယ်လို့ ကြေညာလိုက်ပါတယ်" လို့ ထရူးဒူးက ဆိုပါတယ်။ ဝန်ကြီးချုပ်က ကနေဒါနိုင်ငံက ကုမ္ပဏီတွေနဲ့ ချိန်ညှိဖို့အတွက် ၂၁ ရက်အချိန်ယူမှာ ဖြစ်ကြောင်း၊ ပိုမိုကျယ်ပြန့်တဲ့ အစီအမံတွေလုပ်ပြီး အမေရိကန်သွင်းကုန် ဘီလီယံ ၃၀ ဖိုးကို စပြီး ကောက်ခံမယ်ဆိုတဲ့ အကြောင်း နဲ့ အခုထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကို ဒီအပတ် အင်္ဂါနေမှာ စပြီး အသက်ဝင်မှာ ဖြစ်ကြောင်း ပြောသွားပါသေးတယ်။ 

"ဒီအခွန်စည်းကြပ်မှုမှာ နေ့စဉ်သုံးပစ္စည်းတွေလည်း ပါဝင်ပါတယ်" လို့ ပြောပါတယ် ။ အရက်၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အဝတ်အထည်များနှင့် ဖိနပ်များလို အခြေခံကုန်ပစ္စည်းတွေကို စာရင်းပြုစုကာ တိုက်ရိုက်အခွန် ကောက်ခံတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် အရေးကြီးသော ဓာတ်သတ္တုများ၊ စွမ်းအင် ဝယ်ယူရေးနှင့် အခြားသော ကုန်သွယ်မှုမိတ်ဖက်များပါဝင်သည့် “အကောက်ခွန်မဟုတ်သော အစီအမံများစွာ” ကို ရှာဖွေနေပါသေးတယ်။   "ကျွန်တော်တို့ အစိုးရအဖွဲ့က ကနေဒါအတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ။ ကျွန်ုပ်တို့၏နိုင်ငံအနေနဲ့ အမေရိကားကို  ကမ္ဘာပေါ်က အကောင်းဆုံး အိမ်နီးနားချင်း နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေစေရန်အတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ။ နိုင်ငံသားတွေ အနေနဲ့လည်း  ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန် တိုက်တွန်းပြောကြားလိုပါတယ်” လို့ ဆိုပါတယ်။ 

ကနေဒါ ကုန်ပစ္စည်းအားလုံးနီးပါးအပေါ် ထရမ့်အစိုးရက ၂၅ % စည်းကြပ်ခွန် ကောက်ခံမှုကို စနေနေ့ အစောပိုင်း တွင် ကြေညာခဲ့ပြီး အိမ်ဖြူတော်က တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများရှိနေလို့ လုပ်တာလို့လည်း ဆိုပါတယ်။ 


REF - RT                  

#MNP #News #International #Canada #American

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)