အိမ်ကိုပဲ မီးရှို့လို့ရမယ် သမိုင်းကိုတော့ဖျောက်ဖျက်လို့ မရဘူးလို့ ဟာဆီနာ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်ကိုပဲ မီးရှို့လို့ရမယ် သမိုင်းကိုတော့ဖျောက်ဖျက်လို့ မရဘူးလို့ ဟာဆီနာ ဆို


ဖေဖော်ဝါရီ - ၆ ( ကြာသပတေးနေ့ ) 

ဘင်္ဂလာဒေ့ရှ်မှာ ကျောင်းသားသပိတ်ကနေ စတင်လိုက်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြောင့် ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျသွားပြီး ဟာဆီနာကိုယ်တိုင် အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ သူမရဲ့ အစိုးရ အဖွဲ့ဝင်တွေကလည်း ပြေးတဲ့ သူကပြေး၊ အဖမ်းခံရတဲ့ သူက အဖမ်းခံရနဲ့ အစိုးရတစ်ဖွဲလုံး ပျက်စီးသွားပါတယ်။ 

မနေ့ကတော့ ဆန္ဒပြသူတွေက မြိုတော် ဒါကာမှာရှိတဲ့ ရှိတ်ဟာဆီနာရဲ့ ဖခင်ဖြစ်သူ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တည်ထောင်ခဲ့တဲ့ မူဂျီဘာရာမန်ရဲ့ သမိုင်းဝင်အဆောက်အအုံကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တုတ်၊ တူနှင့် အခြားကိရိယာများ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် သမိုင်းဝင် အိမ်နှင့် လွတ်လပ်ရေး အထိမ်းအမှတ် အဆောက်အအုံ အနီးတဝိုက်တွင် စုရုံးခဲ့ကြပြီး အချို့က အဆောက်အအုံကို ဖြိုချရန်အတွက် ကရိန်းနှင့် မြေတူးစက်များ ယူဆောင်လာခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါတယ်။

အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ရှိတ်ဟာဆီနာက သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ “သူတို့က အဆောက်အအုံကို ဖြိုဖျက်နိုင်ပေမယ့် သမိုင်းကြောင်းကိုတော့ ဖျက်ဆီးလိုမရပါဘူး။ သမိုင်းဆိုတာက တကျော့ပြန်လည် တတ်ပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။  ဖွဲစည်းပုံအခြေခံ ဥပဒေနဲ့မညီဘဲ အာဏာသိမ်းတယ်လို့ စွပ်စွဲပြီး ကြားဖြတ်အစိုးရကို ဆန့်ကျင်ဖို ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကို သူမက တိုက်တွန်းခဲ့ပါတယ်။


REF - The Print

#News #MNP #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)