(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေမြို့နယ်တွင် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေမြို့နယ်တွင် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ ပြုလုပ်

 


နေပြည်တော်၊ ဖေဖော်ဝါရီ ၆

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေ မြို့နယ်၊ ၅၆ လမ်းပေါ်ရှိ ၃၅ လမ်းမှ သိပ္ပံ ၁၀၁ လမ်းအထိလည်းကောင်း၊ ၄၂ လမ်းပေါ်ရှိ ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းအထိလည်းကောင်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့က အဆိုပါလမ်းနေရာ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ မြို့ပေါ်ရှိ လမ်းများတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ယာဉ် အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများ၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွား အဖွဲ့တို့အား အမှတ်တရလက်ဆောင်များနှင့် ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လမ်းတစ်လျှောက် အား လှည့်လည်ကြည့်ရှုပြီး မြို့မိမြို့ဖများအား ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ၅၆ လမ်းပေါ်ရှိ  ၃၅ လမ်းမှ သိပ္ပံလမ်းအထိ အရှည် ၅၈၈၅ ပေနှင့် အကျယ် ၄၀ ပေအားလည်းကောင်း၊ ၄၂ လမ်းပေါ်ရှိ ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းအထိ အရှည် ၄၅၂၇ ပေနှင့် အကျယ် ၃၀ ပေးအားလည်းကောင်း နိုင်လွန်ကတ္တရားလမ်းများအဖြစ် အဆင့်မြှင့်တင်ခင်းပေးထားကာ လိုအပ်သည့် နေရာများတွင် တံတားများဘေးချဲ့ခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် လမ်းအဆင့်မြှင့်တင်ခင်းပေးခြင်း မဆောင်ရွက်မီက ၎င်း ၅၆ လမ်းပေါ်တွင် ယာဉ်သွားလာအသုံးပြုမှုများသဖြင့် ယာဉ်များ သွားလာရာ၌ ကြပ်တည်းမှု အမြဲတမ်းဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ (၄)လမ်းသွား အဖြစ် ဘေးချဲ့၍ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းပြီး ပြည်သူများ အချိန်တိုအတွင်း သွားလာမှုပိုမိုအဆင်ပြေလာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News #Mandalay

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)